မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မွေးရာပါ နှလုံးရောဂါလူနာကလေးငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး
ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာများကို ယူနန်ပြည်ရှိ ဆေးရုံတွင် အခမဲ့ကုသပေးမည်
မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အဖြစ် နှစ်နိုင်ငံ နှလုံးရောဂါ ဆရာဝန်များ ပူးပေါင်းပြီး မွေးရာပါ နှလုံးရောဂါ လူနာကလေးငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ယမန်နေ့ အောက်တိုဘာ (၃၀) ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ရန်ကင်းကလေးဆေးရုံးကြီး၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့လာရောက်ကုသသည့် မွေးရာပါနှလုံးရောဂါ လူနာကလေးငယ်(၂၈)ဦးကို ကျန်းမားရေးစောင့်ရှောက်မှုပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ခွဲစိတ်ကုသရန်လိုအပ်နေသည့် ကလေးလူနာများကို ယူနန်ပြည်နယ် ရှိ "ဖူးဝေ" ဆေးရုံသို့ အခမဲ့ ခေါ်ဆောင်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အဖြစ် ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာနမှ ထောက်ပံလှုဒါန်းပြီး မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်း၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက်ကလည်း ရန်ကင်းကလေးဆေးရုံကြီးမှ ကုသနေသည့် အသက်(၆)လမှ (၉)နှစ် အရွယ် မွေးရာပါ နှလုံးရောဂါလူနာကလေးငယ် (၁)ဦးချင်းစီကိုလည်း (၃)လစာ ဖြည့်စွက်စာအာဟာရများ လှူဒါန်းခဲ့ကြောင်း သိရသည်။