ဗီယက်နမ်အလယ်ပိုင်းမှာမိုးကြီးလို့ လူ ကိုးဦး‌ေ-သ၊ ငါးဦးပျေ-ာက်ဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး လူ ကိုးဦးထက်မနည်း ‌ေ-သဆုံးကာ ငါးဦးပျေ-ာက်ဆုံးလျက်ရှိကြောင်း အစိုးရက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

‌ေ-သဆုံးခဲ့သူများအနက် ခြောက်ဦးသည် နိုင်ငံ၏ နာမည်ကျော် ကမ်းခြေအများစုတည်ရှိရာ ဒါနန်းမြို့နှင့် ရှေးဟောင်းမြို့ ဟွေအန်တို့မှဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ရေလွှမ်းမိုး၍ လူနေအိမ်ခြေ ၁၀၃,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး နိုင်ငံ၏ ခရီးသွားနေရာများဖြစ်သည့် ဟွီနှင့် ဟွေအန်တို့တွင် အများစုဖြစ်သည်ဟု အစိုးရသဘာဝဘေးအန္တရာယ်ဆိုင်ရာဌာန၏ သီးခြားသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် အထူးသဖြင့် ဇွန်လမှ အောက်တိုဘာလအထိ မုန်တိုင်းရာသီအတွင်း ပျ-က်စီးဆုံးရှုံးမှုများကို နေရာအများအပြား၌ ဖြစ်စေသည့် လူအသေအပျေ-ာက်ရှိသော မုန်တိုင်းများနှင့်ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသည်။

image