တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း လသာမြို့နယ်တွင် မိတ်ဆက်

ယနေ့ (အောက်တိုဘာ ၂၉) တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းသည် လသာမြို့နယ်တွင် မြို့နေပြည်သူများကို စတင်မိတ်ဆက်ခဲ့ကြောင်း သူမအသုံးပြုနေသည့် လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ဒေါ်စန္ဒာမင်းသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ‌(တစ်သီးပုဂ္ဂလ ) အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားရန်လည်း ရှိနေသည်။

သူမ တစ်သီးပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တံဆိပ်မှာ " ဓူဝံကြယ် " တံဆိပ်ဖြစ်သည်။

image