အာဆင်နယ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာတဲ့ ဒေါ်မန်း
=====================

အသက် ၁၅ နှစ်အရွယ်ရှိ ဒေါ်မန်းဟာ အာဆင်နယ်သမိုင်းတွင် နောက်ထပ်သမိုင်းသစ်တစ်ခု ထပ်မံ ရေးသားလာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

တောင်ပံကစားသမားဟာ အာဆင်နယ်သမိုင်းတွင် ကလပ်အတွက် ပွဲကစားခွင့်ရတဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ်လည်းကောင်း၊ ပရီးမီးယားလိဂ်ပွဲ ကစားခွင့်ရ ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ်လည်းကောင်း သမိုင်းမှတ်တမ်းရေးထိုးထားပြီးသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဒေါ်မန်းဟာ ဘရိုက်တန်ကို အနိုင်ရတဲ့ ခါရာဘောင်ဖလားပွဲမှာ ပွဲထွက်ကစားခွင့်ရပြီးနောက်မှာတော့ အာဆင်နယ်သမိုင်းတွင် ပွဲထွက်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။

သူဟာ အသက် ၁၅ နှစ်နှင့် ၃၀၂ ရက်ဖြင့် အာဆင်နယ်သမိုင်းတွင် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာတာလည်း ဖြစ်ပါတယ်။
ဒေါ်မန်းဟာ ဩဂုတ်လတုန်းက လိဒ်ကို ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် အရန်အဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါ်မန်းဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက အာဆင်နယ်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့သူ ဖြစ်ပြီး နွေရာသီတုန်းက အာဆင်နယ်ရဲ့ အာရှခရီးစဉ်တွင် ခြေစွမ်းပြကစားနိုင်ခဲ့သူများထဲမှ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

အာတီတာဟာ တနင်္ဂနွေနေ့တုန်းက ပဲလေ့စ်နှင့်ပွဲမှ လူစာရင်းကို ၁၀ ဦးအထိ အပြောင်းအလဲ လုပ်ပြီး ဘရိုက်တန်နှင့်ပွဲမှာ ခင်းကျင်းလာချိန်မှာတော့ ဒေါ်မန်းဟာ ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အတွက် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ဒေါ်မန်းနှင့်အတူ အင်ဒရေဟာရီမန်းအန်နပ်စ်ဟာလည်း အာဆင်နယ်အတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒေါ်မန်းဟာ ဘရိုက်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ခါရာဘောင်ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဘောလုံးလိမ်ခေါက်မှု ၅ ကြိမ်ဖြင့် အများဆုံးအောင်မြင်သူအဖြစ်လည်းကောင်း၊ ပြစ်ဒဏ်ဘော ရရှိမှုအများဆုံး (၄ကြိမ်)၊ နှစ်ဦးချင်း ထိပ်တိုက်တွေ့ချိန်မှာ ကျော်ဖြတ်နိုင်မှု အများဆုံး (၉ ကြိမ်) စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တကယ်လို့များ ဒေါ်မန်းအနေဖြင့် နှစ်ကုန်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်များတွင် အာဆင်နယ်အတွက် ကစားခွင့် ရရှိလာပါက ချန်ပီယံလိဂ်ကစားခွင့်ရ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင်သစ် စိုက်ထူလာနိုင်ပါသေးတယ်။

imageimage