ဘဝမှာ လက်တွေ့ဆန်တဲ့ လူကိုပဲ ရွေးချယ်ပါ ။
ဘာပန်းကြိုက်တတ်လဲ မသိရင်တောင်
ပန်းတွေ ယူလာပေးတဲ့ လူ ၊
ဘာအစားအစာ ကြိုက်တတ်လဲ မသိရင်တောင်
အစားကောင်းကျွေးချင်တဲ့ လူ ၊
ဘာဖြစ်ချင်နေလဲ မသိရင်တောင်
သိအောင် ကြိုးစားတဲ့ လူ ၊
ဘာပဲဖြစ်ဖြစ် ကိုယ့်အပေါ်မှာ
ကြိုးစားချင်စိတ်ရှိတဲ့ လူကိုပဲ ရွေး ၊
ကိုယ့်အနားကို ရောက်ဖို့ ကိုယ့်အကြိုက်ကို လိုက်ဖို့ ၊
ကိုယ်နဲ့ အတူတူရှိနေရဖို့ ကြိုးစားတဲ့ လူကိုပဲ ရွေးချယ်ပါ ။