🧼 ခွေးကြောင်လေးတွေမှာ အမြဲမပြတ် ဂရုစိုက်သင့်သော နေရာ ၅ ခု
ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးခြင်းက အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်သလို
သူတို့ရဲ့ ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။
➡️ နားရွက်များ (The Ears)
သန့်ရှင်းမှုမရှိတဲ့အခါ နားက အနံ့နံတာ၊ နားယားတာနဲ့ အရောင်ပြောင်းတာတွေက နားပိုးဝင်ခြင်း (Ear Infections) ရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
➡️ သွားနဲ့ ခံတွင်း (Teeth and Mouth)
ခံတွင်းမှ အနံ့ဆိုး (Bad Breath) သည် သွားကျောက်တည်ခြင်း၊ သွားဖုံးရောဂါ (Gum Disease) နှင့် အခြားသော ကျန်းမာရေးပြဿနာများ၏ လက္ခဏာ ဖြစ်နိုင်ပါတယ်။
➡️ ခြေဖဝါးနဲ့ ခြေသည်းများ (Paws and Nails)
ခြေသည်းကြားနှင့် ခြေဖဝါးများတွင် ဖုန်၊ အညစ်အကြေး၊ စိုထိုင်းမှုတွေက မှို (Yeast) ပေါက်ပွားစေပြီး အနံ့ဆိုးဖြစ်စေနိုင်ပါတယ်။
➡️ Anal Glands / Anal Sacs
ခွေးနှင့်ကြောင်များတွင် ဖို/မ အင်္ဂါတွင်အနံ့ထုတ်တဲ့ glands များရှိပြီး မသန့်ရှင်းပေးပါက ပြင်းထန်သောအနံ့ဆိုများး ထွက်လာစေနိုင်ပါတယ်။
➡️ အရေပြားကြားများနဲ့ ချိုင်းကြားများ (Skin Folds and Armpits)
အရေပြားကြားများရှိ အစိုဓာတ်၊ အဆီနှင့် ဘက်တီးရီးယားများက မသန့်ရှင်းပါက အနံ့ဆိုးနှင့် အရေပြားပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒီနေရာလေးတွေကို ပုံမှန်ဂရုစိုက်ပေးခြင်းဖြင့် သင့်ခွေးလေးတွေ၊ ကြောင်လေးတွေကို အနံ့ဆိုးကင်းကင်းနဲ့ ကျန်းမာစေမှာပါ 🙏🏼🤍