မုန်ပျားသလက်
လုပ်နည်းလေးပဲပြောပြပေးမယ်😉
မုန့်ရည်အတွက်လိုအပ်တာလေးတွေက
၁။ဆန်မှုန့် (မွှေး) ၁ထုပ်
၂။ဆား ၁/၂လက်ဖက်ဇွန်း
၃။ရေ ၃၆၀ဂရမ်/မီလီ
၄။သကြား ၁လက်ဖက်ဇွန်း
၅။ဆော်ဒါ ၁/၂လက်ဖက်ဇွန်း
၆။ရှာလကာရည် ၁လက်ဖက်ဇွန်း
မုန့်ကို အချိန်ပေးပြီးလုပ်ချင်တယ်ဆို ၁ကနေ၄အထိကိုမွှေပြီး ရေခဲသေတ္တာထဲတညထားပါ။မနက်မုန့်လုပ်ခါနီးမှ ၅+၆ကို ထည့်ပြီးလုပ်ပါ။
အချိန်မပေးနိုင်သူတွေကတော့ ပါဝင်ပစ္စည်းအကုန်လုံးကို ရောမွှေပြီး အနည်းဆုံးနာရီဝက်တော့ထားပါ။ဆန်မှုန့်ရေကိုစုပ်ယူဖို့ အနားပေးတဲ့သဘောမို့ မုန့်သားနုနုညက်ညက်ရဖို့ အထောက်အကူဖြစ်စေတယ်။
မုန့်ထဲထည့်စားဖို့ပါဝင်ပစ္စည်းက ဒေသအလိုက်ထည့်တဲ့အဆာမတူကြတော့ ကြိုက်နှစ်သက်ရာထည့်ပါ။
အဓိကတော့
၁။ပဲပြုတ်
၂။နံနံပင်၊ကြက်သွန်မြိတ်
၃။နှမ်းထောင်း
၄။ကြက်ဥ၊ငုံးဥ ဒါလေးတွေတော့မပါမဖြစ်လေး
မုန့်ရည်အဆင့်သင့်ဖြစ်ပြီဆို မုန့်လုပ်မယ့်အိုးကိုအပူပေးပါ။(ဇောက်နက်တဲ့အိုး၊မြေအိုး၊သံဒယ်အိုး၊မကပ်ဒယ်အိုးအသေးလေး အကုန်လုံးနဲ့လုပ်လို့ရပါတယ်။အဓိကတော့ ဆီဝနေတဲ့အိုးဖြစ်ရင်ပိုကောင်းတယ်။ဇောက်နက်ရင်ပိုအဆင်ပြေပြီးမုန့်သားပိုလှတယ်။)အိုးကိုဆီအနည်းငယ်သုတ်ပေးပါ။မီးအားအရမ်းပြင်းလို့မရသလို၊မီးအားအရမ်းနည်းလို့လည်းအဆင်မပြေပါဘူး။အိုးအပူရှိန်ကောင်းမှသာ မုန့်သားထည့်လိုက်ရင် ဇကာပေါက်လေးတွေ ခပ်ကြမ်းကြမ်းပေါ်လာတာမျိုးပါ။မုန်ရည်ထည့်ပြီး ဘေးသားအနည်းငယ်ကျက်တဲ့အချိန်မှကြိုက်နှစ်သက်ရာ အဆာပလာအပေါ်ကတင်ပြီးအဖုံးအုပ်ပေးပါ။မုန့်သားကျက်ရင် ရပါပြီ။
ဒါကကျနော်လုပ်လို့အဆင်ပြေတဲ့နည်းထဲကတခုပါ။
ပိုကောင်းတဲ့နည်းလမ်းလေးရှိရင်လည်းပြန်လည်မျှဝေပေးခဲ့လို့ရပါတယ်။😊
မုန့်ပျားသလက်
မုန့်ပစ်သလက်