1 ပတ် - ဘာသာပြန်ပါ။

ပလတ်စတစ်ညစ်ညမ်းမှုဖြေရှင်းရန် အမျိုးသားအဆင့်အစီအစဉ် ရေးဆွဲ
----------------------

ပလတ်စတစ်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်(၂၀၂၆-၂၀၃၅)ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သယံဇာတနှင့်သဘာ ဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်က တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှာ ကျင်းပတဲ့ Eco Expo Asia 2025 ဖွင့်ပွဲကို ပါဝင်တက်ရောက်ပြီး Eco Expo Asia Conference Government Session (1)မှာ ပြုလုပ်တဲ့ အစည်းအဝေး မှာ ထည့်သွင်း ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်တွေ အကျိုးရှိစွာ အသုံးပြုမှုကို ဦးစားပေးတဲ့၊ ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့၊ တာ ဝန်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့အတွက် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်ကိုလည်း ရေးဆွဲနေတယ်လို့ ပြည် ထောင်စုဝန်ကြီးက ပြောပါတယ်။

စွန့်ပစ်ပစ္စည်းထွက်ရှိမှု တိုးလာတာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)ကိုလည်း ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆက်လက်အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးနဲ့ ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အမြဲပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

imageimage