Asian Games တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားများနှင့် နည်းပြများ ADEL Certificate ဝင်ရောက်ဖြေဆိုရန်လိုအပ်ဟု MADO တိုက်တွန်း
လာမည်နှစ်အတွင်း ကျင်းပပြုလုပ်မည့် Asian Games တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားများနှင့် နည်းပြများအနေဖြင့် Anti Doping Education and Learning -ADEL Certificate ရရှိရန် မဖြစ်မနေဝင်ရောက်ဖြေဆိုရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့အစည်း (MADO)က တိုက်တွန်းထားသည်။
Asian Games ဆိုသည်မှာ အာရှတွင်အကြီးဆုံး အားကစားပြိုင်ပွဲတခုဖြစ်ပြီး ADEL Certificate ဆိုသည်မှာအားက စားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲမှုvစည်းမျဉ်းစည်းကမ်းများကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် တက်ရောက်ရမည့် သင်တန်းတစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်မှ အော က်တိုဘာလ(၄)ရက်အထိ Aichi-Nagoya မြို့၌ ကျင်းပပြုလုပ်မည့်(၂၀)ကြိမ်မြောက် Asian Games တွင်ယှဉ်ပြိုင်ကြမည့် ကစားသမားများအနေဖြင့် ADEL-Anti Doping Education and Learning online platform တွင် International Level Athlete (ILA) e- learning course နှင့်အတူ TAME Myanmar ကို သင်ယူပြီးမြောက်ရန်လိုအပ်ကြောင်း သိရသည်။
ထို့ပြင် နည်းပြများအနေဖြင့်လည်း Coaches High Performance (CHP) e-learning course ကို သင်ယူပြီးမြောက်ရန်လိုအပ်ပြီး သင်ယူပြီးမြောက်ကြောင်း Certificate များကိုလည်း Online Accreditation ပြုလုပ်ရာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သောကြောင့် မဖြစ်နေတက်ရောက်ကြရန် လိုအပ်ကြောင်း MADO က ဖော်ပြထားသည်။