13 w - Translate

YouTube ကို Cooling ကောင်းကောင်းနဲ့ ကြည့်လို့ရတော့မယ် 🫠
.
Apple ကနေ အခုမှ M5 iPad Pro အသစ်တွေကို မိတ်ဆက်ထားတယ်ဆိုပေမယ့် နောက် iPad Pro အသစ်ဖြစ်လာမယ့် M6 iPad Pro နဲ့ ပတ်သက်တဲ့သတင်းတွေက စတင်ပေါက်ကြားလာပြီဖြစ်ပါတယ်..။
ဒါကတော့ Bloomberg Media မှ Mark Gurman ကနေ M6 Chip နဲ့ iPad Pro တွေမှာ Cooling ပိုင်းကို Vapor Chamber Cooling နဲ့ အဆင့်မြှင့်တင်ထားမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။​ Apple ဟာ Vapor Chamber Cooling ကို iPhone 17 Pro | 17 Pro Max ဖုန်းတွေမှာ ပထမဆုံးအသုံးပြုခဲ့တာဖြစ်ပြီး လာမယ့် M6 iPad Pro တွေက ဒုတိယမြောက် VC Cooling ပါဝင်တဲ့ Apple Device တွေဖြစ်လာမှာပါ။
ဖြစ်နိုင်တာတစ်ခုက M6 Chip ဟာ Apple အတွက် 3nm ကနေ 2nm ကို ပြောင်းလဲတဲ့ Chip ဖြစ်တာကြောင့် Performance ပိုကောင်းတာကို Handle လုပ်နိုင်ဖို့အတွက် အခုလို Cooling ပိုင်း Upgrade ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။​
Mark Gurman ရဲ့ ပြောကြားချက်အရ M6 iPad Pro ကို လာမယ့် ၂၀၂၆ မှာ မြင်ရဖို့မရှိသေးပဲ တစ်နှစ်တစ်ခါ Update လုပ်မယ့်အစား Apple ဟာ iPad Pro တွေကို ၁၈ လ အကြာမှတစ်ကြိမ် Update လုပ်ဖို့ စီစဥ်နေတာကြောင့် ၂၀၂၇ ခုနှစ်မှပဲ​ ထွက်ရှိလာနိုင်ပါတယ်။
တကယ်တမ်း Personally အမြင်ကတော့ iPad Pro တွေမှာ M Series Chip တွေကို Update ထည့်ပေးတာကောင်းပေမယ့် iPadOS မှာ လူအများသုံးတဲ့ Task တွေအတွက် လုံးဝ Overkill ဖြစ်နေပြီးသားပါ။ အခု M5 iPad Pro ဆိုရင်လည်း ဂျက်အင်ဂျင်ကို စက်ဘီးမှာ တပ်ပေးထားသလိုဖြစ်နေတာဆိုတော့ M6 လည်းဖြစ်၊​ VC Cooling ပါလာပြီး Performance ပိုကောင်းလာလည်း iPad Pro တွေကို Performance အပြည့် တကယ်အသုံးချမယ့်သူက လူနည်းစုပဲရှိလောက်ဦးမယ်...။​

image