5 w - Translate

ဆာဘင်ဂျမင်စလိတ် (Sir Benjamin Slade) ဟာ အသက် ၇၉ နှစ်အရွယ် သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး ဘရွန်နက် (Baronet) ဘွဲ့ရ မြင့်မြတ်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပါတယ် Somerset ခရိုင်မှာရှိတဲ့ ဧက ၁,၃၀၀ ကျယ်ဝန်းတဲ့ Maunsel House အိမ်တော်ကြီးရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ် သူဟာ သူ့ရဲ့ မိသားစုအမည် နဲ့ အမွေကိုဆက်ခံမယ့် သားယောက်ျားလေးတစ်ဦးကို ရရှိဖို့အတွက် စိတ်ဝင်စားစရာကောင်းပြီး အငြင်းပွားဖွယ်ဖြစ်တဲ့ နည်းလမ်းများစွာနဲ့ ကြိုးပမ်းခဲ့သူဖြစ်ပါတယ်
သူဟာ သားယောင်္ကျားလေး မွေးပေးနိုင်မဲ့ ဇနီးသည်ကို အလိုရှိကြောင်းသတင်းစာတွေမှာ ကြော်ငြာခဲ့ဖူးပါတယ် နောက်ပြီး ဆာဘင်ဂျမင်ဟာ သူ့ရဲ့ ဇနီးလောင်းအတွက် တိကျတဲ့ စံနှုန်းတွေကို သတ်မှတ်ခဲ့ပါတယ် ဥပမာ- အသက် ၃၅ နှစ်ဝန်းကျင် သေနတ်ပစ်လိုင်စင် နဲ့ ယာဉ်မောင်းလိုင်စင် ရှိရမယ် ရဟတ်ယာဉ် မောင်းတတ်ရမယ် စသည်ဖြင့် ဖြစ်ပါတယ်
သူ့ရဲ့ဇနီးမယားရှာပုံတော်မှာ မှာ အထူးဆန်းဆုံးအချက်ကတော့ သူဟာ ကလေးယူပေးနိုင်မယ့် အမျိုးသမီးကို မျိုးပွားကောင်းသူ (good breeder) လို့ ပွင့်ပွင့်လင်းလင်း သုံးနှုန်းခဲ့ခြင်း ဖြစ်ပါတယ်
နောက်ပိုင်းမှာတော့ သူဟာ ခေတ်မီတဲ့ နည်းလမ်းဖြစ်တဲ့ Tinder Dating အက်ပ်ကိုပါ အသုံးပြုခဲ့ပါတယ် ဆာဘင်ဂျမင်ဟာ သူ့ရဲ့အသက်ကို ၅၆ နှစ် လို့ဟန်ဆောင်ကာ အကောင့်ဖွင့်ခဲ့ပြီး Tinder ပေါ်မှာလိုက်ရှာခဲ့ပေမဲ့ စိတ်အလိုမကျ ဖြစ်ခဲ့ပါတယ်
နောက်ဆုံးမှာတော့ အမေရိကန် တေးရေးဆရာမ Sahara Sunday Spain နဲ့ တွေ့ဆုံခဲ့ပါတယ် Sahara ဟာ ဆာဘင်ဂျမင်ထက် ၄၆ နှစ် ငယ်ပြီး IVF (ဖန်ပြွန်သန္ဓေသား) နည်းပညာနဲ့ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်
ဆာဘင်ဂျမင် ဟာ Sahara နဲ့ မင်္ဂလာဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ ဖျက်သိမ်းခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ဖန်ပြွန်သန္ဓေသားနဲ့ မွေးလာတဲ့ ကလေးဟာ သမီးလေးဖြစ်နေပြီး ဘင်ဂျမင်က သားယောက်ျားလေး ကိုလိုချင်ခဲ့တာပါ ၂၀၂၂ ခုနှစ် သတင်းတွေအရ ဆာ ဘင်ဂျမင်ဟာ သူ့သမီးလေးကို တစ်ခါမှ မတွေ့ဖူးသေးဘူးလို့ သိရပါတယ်
Sahara Sunday Spain က ဆာ ဘင်ဂျမင်ရဲ့ လုပ်ရပ်တွေကို အလွန်အရှက်ရစရာ လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ် ဆယ်စုနှစ်တစ်ခုကြာအောင် အမွေဆက်ခံမယ့် သားယောက်ျားလေးကို ရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဆာ ဘင်ဂျမင်ဟာ သူ့ရဲ့ Maunsel House အိမ်တော်ကြီးကို ဇိမ်ခံဟိုတယ်အုပ်စုတစ်ခုဆီ လွှဲပြောင်းပေးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image