ငါးဒန်မကျီးသီးစိမ်းဆီပြန်ချက်
***********************
ငါးကိုဆေးကြောသန့်စင်ပြီး
ဆား ဆနွင်း ဟင်းခပ်မူန့် နဲ့နယ်နှပ်ထားပါ
ငရုတ်သီးခြောက် ကြက်သွန်ဖြူနီ စပါးလင်
အနည်းငယ်တို့ကို ငပိအနေတော်နဲ့
ညက်နေအောင်ထောင်းပြီး ဆီအနေတော်
သတ်ပါ
ဆနွင်းမူန့်နည်းနည်းထည့်ပါ
ထောင်းထားတဲ့ ငရုတ်သီးကို ထည့်ကြော်ပါ
ငရုတ်သီးအစိမ်းနံ့ပျောက်ရင် ငါးထည့်ပါ
အသာယာလုံးပြီး ဆီပြန်ရင် ရေအနေတော်
ထည့်ပြီး မကျီးသီးအစိမ်းထည့်ချက်ပါ
မကျီးသီးတွေနူးရင် ဆယ်ပြီးအနှစ်ကိုထည့်ပါ
ရေခမ်းဆီပြန်ရင် ရှမ်းနံနံလေးအုပ်ပါ
ရပါပြီရှင့် 😊