။ ကျွဲကောသီး ပုဇွန်သုပ်‼️
**************************❤️
ဒီ menu မာ က တော့
ကျွဲကော သီး က မင်းသား ပေါ့ 😍
ပုဇွန် ထုပ် ကွေကွေ က မင်းသမီး 👸
😉😉😉😉😉
ကျွဲကောသီး ပုံ ပါ အတိုင်း အမွှာ အတုံး လုပ်ပါ
ပုဇွန်ထုပ် အကြီး / အသေး မိမိကြိုက်သလောက်
ရေနွေး ဖျော့ ထားပါ ဆား ထည့် ဖို့ မမေ့ပါနဲ့
ပုဇွန် အကွေ ငါး အနွေ ၁၀ စက္ကန့် လိုက်ဆိုရပါပြီ
အနေတော် အရွယ်အစား ပေါ့နော်
ရေအေး နဲ့ ပြန်စိမ့် ပြီး နောက်တခေါက် ဆေးလိုက်ပါအုံး
ငရုတ်ပွ အနီ အဝါ ပါးပါးလှီး
မရှိ မထည့်ပါနဲ့
ကြက်သွန်နီ ပါးပါးလှီး ၂ လုံး
ကြက်သွန်ဖြူ နုတ်နုတ်စင်း ၂ မွှာ
ငရုတ်သီး စိမ်း / အနီ ပါးပါးလှီး မိမိ အကြိုက်
ပူဇီနံ ရွက် ။ ၁၀ ရွက်
နှမးဖြူ လှော်ထား ပြီး အနည်းငယ်
ငံပြာရည် ၊ သံပရာရည် ကို မိမိ သုပ်သော
ပမာဏ ပေါ် မူတည် မာ ပါ
ငံပြာရည် ပါ နေသောကြောင့် ဆား ကို လိုအပ် မှ ထည့်ပါ နော်
ငံပြာရည် ၊ သံပရာရည် ၊ သကြား ကို ဇလုံ တလုံး မာ အရင် ရော စမ် ပြီး မှ ကြက်သွန်ဖြူ ၊ပုဇွန် ကို ထည့် ပါ
ကျန် ပါဝင်ပစ္စည်း တွေကို ထည့်ပြီး ဖြည်းဖြည်းလေး နယ် မယ် နော်
ရေး ✍️ရင်နဲ့ တောင် သရေယို လာပြီး😋😋
အပေါ်က နေ နှမ်း ၊ ပူဇီနံ တင် လိုက်မယ်ဆို
လှပ တဲ့ မျက်လုံး 👀 နဲ့ အရင်စား ပြီး အရသာ ကို ပါးစမ် နဲ့ စားလို့ ရပါပြီး
အချိုးအစား ကို ဘာ လို့ မရေးပေးတာလဲ ဆိုတော့
ကျွဲကောသီး က တချို့ အလုံး တွေ က အချဉ် အချို အရသာ မတူ သောကြောင့်
လို ၊တိုး ၊ပို ၊လျော့ လုပ်နိုင်အောင်
အရသာ ကို မြည်း နိုင် ဖို့ပါ