🌳ရန်ကုန်ကနေ တစ်နာရီလောက်ပဲ သွားရမယ့် လည်စရာနေရာတစ်ခုကတော့ AK Art Village ပါ။ မှော်ဘီ Max တိုးဂိတ်အကျော်က ပိန္နဲကုန်းရွာထဲမှာ ရှိပါတယ်
🌳ဘာတွေရှိလဲ
ကော်ဖီဆိုင် ရှိမယ်
သီးသန့်ဆန်မှု ရှိမယ်
တောအုပ်ငယ်တစ်ခုလို သစ်ပင်တွေရှိမယ်
(ဂမုန်းအပင် တော်တော်စုံတာ တွေ့ရတယ်)
Local artist တွေရဲ့ အနုပညာလက်ရာတစ်ချို့ရှိမယ်
အနားယူနိုင်မယ့် အဆောင်တွေရှိမယ်🍀
🛖နားနေဆောင်သီးသန့် BOOKINGနဲ့ပဲလက်ခံတာပါ။ နားနေဆောင်အနည်းငယ်၊ လူဦးရေအကန့်အသတ်နဲ့ လက်ခံတော့ ကိုယ်လိုချင်တဲ့နေရာရနိုင်ဖို့ ☎️Booking အနည်းဆုံး (2) ရက်လောက် ကြိုလုပ်ဖို့တော့ အကြံပြုပါတယ်ခင်ဗျာ။ Booking တင်ရင် စရံတစ်ဝက်ပေးဖို့ လိုအပ်ပါတယ်။ ဝင်ကြေးသီးသန့်၊ ကော်ဖီဆိုင်ထိုင် သီးသန့်တာ့ လက်မခံသေးဘူးခင်ဗျာ။
🍮ခြံထဲမှာရှိတဲ့ ရွာကော်ဖီဆိုင်က pour overကော်ဖီကိုပဲ အခြေခံပီး အမျိုးအစာ:စုံအောင် ရောင်းတာလည်းတွေ့ရတယ်။ ပူတင်းလည်း နာမည်ကြီးသေးတယ်။
☘️သူ့ရဲ့ အားသာချက်က သီးသန့်
ဆန်ပြီး အေးဆေးတဲ့ သဘာဝ အငွေ့အသက်ကိုခံစားရတာပါပဲ။
🍀ဖုန်းလိုင်းသိပ်မမိလို့ screen time လျော့ချ ပေးပီး ချစ်ခင်ရသူတွေနဲ့ ပိုအချိန်ပေးဖြစ်မယ်။
🍀ကော်ဖီဆိုင်လေးရှိမယ်။ ကော်ဖီနဲ့ အစာ:အ သောက်မှာလို့ရမယ်။
🍀အပြင်အစာ:အသောက်လည်း ယူလာလို့ရတယ်။
🍀နားနေဆောင်အားလုံး 5နှစ်အောက် ကလေးငယ်များအတွက် Free ပါ
🍀UNO ၊ ဒိုးဇက်၊ ကြက်တောင်ရိုက်တံ၊ စာအုပ်တွေကို ကော်ဖီဆိုင်မှာ အလကားငှားပေးပါတယ်။
🍀လမ်းအရမ်းသာပါတယ်၊ ပြည်လမ်းမကြီးကဝင်တာနဲ့ ရွာလမ်းက ကွန်ကရစ်လမ်းတောက်လျှောက်ပါ။
🍀ဘတ်စ်ကားလမ်းကြောင်းလည်း ရှိပါတယ်။
🚍YBS - 105,41,116,115, 91 ထောက်ကြန့်လမ်းစုံရောက်တဲ့ကားစီး၊ထောက်ကြန့်လမ်းစုံကနေ တဆင့် ကိုးလုံးကွင်းမှတ်တိုင်ကိုစီးပြီး ဆိုင်ကယ် ကယ်ရီနဲ့သွားရင် ရောက်ပါပြီ။
⛺ညအိပ် မရသေးပါ
😔တိလေးတွေ ခေါ်လို့မရသေးပါဘူး
🌳သဘာဝဆန်တဲ့နေရာဖြစ်လို့ Wi-Fi မရှိဘူး၊ ဖုန်းလိုင်း သိပ်မမိပါဘူး။
ပိတ်ရက် - အပတ်စဉ် တနင်္လာနေ့
ဖွင့်ချိန် - မနက် ၉ မှ ညနေ ၆ နာရီ
အသေးစိတ် စုံစမ်းမေးမြန်းမှုနဲ့ bookingတင်ရန်အတွက် ဆက်သွယ်ရန်
📌AK Art Village page messenger,Page link: ကို Commentမှာချန်ပေးထားမယ်နော်
📞Viber : 09250018442
(only message)
နားနေဆောင်နဲ့ menu ကအစ သူတို့အသေးစိတ်ရှင်းပြပေးပါတယ်