ပင်စိမ်းဝက်အူချိုကြော်
(ပါဝင်ပစ္စည်းများ)
ဝက်အူချို 700 ဂရမ်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း လက်ဖက်ရည် ၁ဇွန်း
ငရုတ်သီးခြောက် ၉ တောင့်
ဆား လက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်
ကြက်သွန်ဖြူ ၁၀စေ့( ငရုတ်ဆုံထဲထောင်း)
ငရုတ်သီးအနီနဲ့အစိမ်း ၁၀ထောင့် (ငရုတ်ဆုံထဲထောင်းထားပါ)
ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း ၂ ဇွန်း
ငါးငံပြာရည် ၁ ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား ၂ဇွန်း
ပင်စိမ်းရွက် ၁ စည်း
ချက်ပြုတ်နည်း
1. ဝက်အူချိုကို ရေဆေးသန့်စင်ပြီး အိုးထဲထည့်ကာ ပြုတ်ပေးပါ
ဝက်အူများကျတ်ပြီဆိုရင် ဇကာဖြင့် ရေစစ်ပေးပါ
ဟင်းချက်ဖို့ အဆင်ပြေမယ်အရွယ်များလှီးပေးပါနော်
2. အိုးထဲဆီထည့် ကြက်သွန်ဖြူ ဆီသတ်ပေးပါမယ် အနည်းငယ်ကြွပ်လာရင် ထောင်းထားသော ငရုတ်သီးထည့်ပေးပြီး ရနံမွှေးလာတဲ့အထိ ဆီသတ်ပေးပါ
3. ထို့နောက်အူချိုများထည့်ကာ လုံးချက်ပေးပါမယ် အရသာအနေနဲ့ ပဲငံပြာရည်အကျဲ ခရုဆီ ငါးငံပြာရည် သကြား ထည့်ကာ အရသာဝင်စေရန် သေချာလေး မွှေကြော်ပေးပါမယ် ပြီးရင် ကဖောင်ရွက်များထည့်ကြော်ပေးပါ ရနံကမွှေးလာပြီးတော့ စားချင်စဖွယ် ကောင်းပါတယ်
4. ပင်စိမ်းဝက်အူချိုကြော်များကို ပန်ကန်ထဲ ခပ်ထည့်ပေးပါ ထမင်းပူပူနဲ့ တွဲဖက်စားရင် အရမ်းလိုက်ဖက်ပါတယ်
Crd "Sailu
ဟင်းချက်နည်းကောင်းများလေ့လာရန် Page ကို Like share and follow လုပ်ထားပေးကြအုံးနော် နောက်လည်း အစားသောက်နဲ့ပတ်သက်တဲ့ ဟင်းချက်နည်းလမ်းတွေတင်ပေးပါမယ်ဗျ...