ဆဲလ်တစ်နည်းပြရာထူးမှ ဘရန်ဒန်ရော်ဂျာ နုတ်ထွက်လာ၊ ပရီးမီးယားလိဂ်ဝါရင့်နည်းပြဟောင်းက ယာယီနည်းပြအဖြစ် တာဝန်ယူလာ
====================
ဘရန်ဒန်ရော်ဂျာဟာ ဆဲလ်တစ်နည်းပြရာထူးမှ နုတ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဘရန်ဒန်ရော်ဂျာဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဟတ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ထိပ်ဆုံးမှ ဟတ်နှင့် ရမှတ် ၈ မှတ်အထိ ကွာဟလာပြီးနောက် ယခုကဲ့သို့ နုတ်ထွက်လာတာလည်း ဖြစ်ပါတယ်။
တနင်္လာနေ့ညနေမှာတော့ ဆဲလ်တစ်က လီဗာပူးနှင့် လက်စတာနည်းပြဟောင်းမှာ ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ဒါ့အပြင် ဆဲလ်တစ်က ယာယီနည်းပြအဖြစ် ပရီးမီးယားလိဂ်ဝါရင့်နည်းပြဟောင်းမာတင်အိုနေးလ်က ကိုင်တွယ်လာမှာ ဖြစ်ကြောင်းလည်း ကြေညာသွားပါတယ်။ မာတင်အိုနေးလ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆဲလ်တစ်အတွက် ပွဲနှစ်ရာကျော် ကစားပေးခဲ့တဲ့ ရှောင်မာလိုနေက တာဝန်ထမ်းဆောင်လာပါမယ်။
အသက် ၇၃ နှစ်ရှိ အိုနေးလ်ဟာ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆဲလ်တစ်ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အမှတ်ပေးလား ၅ ကြိမ်၊ စကော့တလန်ရှုံးထွက်ဖလား ၃ ကြိမ်နှင့် စကော့တလန်လိဂ်ဖလား ၁ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။
အသက် ၅၂ နှစ်ရှိ ဘရန်ဒန်ရော်ဂျာဟာ ဆဲလ်တစ်ကို ဒုတိယအကြိမ်မြောက် လာရောက် ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီး လက်စတာကို ကိုင်တွယ်ရန် ထွက်ခွာသွားခဲ့ပါတယ်။
ယင်းနောက် သူဟာ ၂၀၂၃ ခုနှစ်တွင် ဆဲလ်တစ်သို့ ပြန်ရောက်လာပြီးနောက် အမှတ်ပေးဖလား ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။
