ရခိုင်ငါး‌ခြောက်သုပ်(ထောင်း)
******************
ငါး‌ခြောက်ကို ကျွပ်အောင်ကြော်ပါ(အလွယ်နည်း)
ငရုတ်သီးစိမ်းနဲ့ငပိမီးအလွယ်တကူကင်လို့မရရင် ထမင်းအိုး
တည်တဲ့အချိန် ငပိကိုပြားပြီးထမင်းအိုး‌ဖုံးပေါ်တင်ကင်ပါ
ငရုတ်သီးစိမ်းကိုလည်း ထမင်းအိုးရေခမ်းတာနဲ့ရေဆေးပြီး
လိုက်ထည့်ထားပါ
ထမင်းနပ်ချိန် ငရုတ်သီး ငပိတွေလည်း ကျက်သွားပါလိမ့်မယ်
ငရုတ်သီးစိမ်း ငပိ ဆား ဟင်းခပ်မူန့် နံနံပင်တို့ကိုညက်အောင်
ထောင်း သံပုရာရည်ညှစ် ကြော်ထားတဲ့ငါးတွေကိုထည့်
ဇွန်းလေးနဲ့နံ့‌အောင်မွှေပါ
မကျီးရွက်နုချဉ်ရည်ကျိုနဲ့ လိုက်ဖက်လွန်းတဲ့ ငါး‌ခြောက်ရခိုင်သုပ်
လေးရပါပြီရှင် မွှေးနေတာပဲ😋

image