1 w - Translate

၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ မှာ "Operation Red Dawn" ဆိုတဲ့ စစ်ဆင်ရေးအဖြစ် အမေရိကန်တပ်ဖွဲ့တွေဟာ ဆဒမ်ဟူစိန် (Saddam Hussein) ကို ဖမ်းဆီးရမိခဲ့ပါတယ်
ဆဒမ်ဟူစိန် ကို သူရဲ့ဇာတိမြို့ဖြစ်တဲ့ တဲကရစ် (Tikrit) မြို့အနီး အဒ်-ဒေါရ် (ad-Dawr) ဆိုတဲ့ ကျေးရွာတစ်ဝိုက်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ သူဟာ မြေအောက်က အလုံပိတ် လျှို့ဝှက်ပုန်းအောင်းရာ မြေအောက်ဘန်ကာ (bunker) သေးသေးလေးထဲမှာ ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်
သူပုန်းအောင်းနေတဲ့ဘန်ကာရဲ့ အနက်ဟာ ၆ ပေ ကနေ ၈ ပေ လောက်ထိ ရှိပါတယ် လူတစ်ယောက်တည်း လှဲလျောင်းနေနိုင်ရုံလောက်ဘဲ ကျယ်ဝန်းတဲ့ နေရာကျဉ်းလေးတစ်ခုပါ ဘန်ကာကို မြေကြီးတွေနဲ့ ဖုံးအုပ်ပြီး ပတ်ဝန်းကျင်မြေပြင်နဲ့ တစ်သားတည်းဖြစ်အောင် ဖုံးကွယ်ထားပါတယ် လေဝင်လေထွက်ရရှိဖို့အတွက် လေဝင်ပေါက်ပိုက် သေးသေးလေးတစ်ခုကိုလည်း တပ်ဆင်ထားပါတယ်
ဆဒမ် ဟူစိန် ပုန်းအောင်းနေတဲ့ ဘန်ကာအတွင်းမှာ AK-47 ရိုင်ဖယ်နှစ်လက် ပစ္စတိုတစ်လက် အစားအသောက်တွေ နဲ့ အမေရိကန်ဒေါ်လာ ၇၅၀,၀၀၀ ခန့်ကို တွေ့ရှိခဲ့ပါတယ် အဲဒီလို ရှာဖွေတွေ့ရှိပြီးနောက် ဆဒမ် ဟူစိန်ကို ဖမ်းဆီးပြီး အီရတ်ရဲ့ ယာယီအစိုးရလက်ထဲကို လွှဲပြောင်းပေးခဲ့ပါတယ်.
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image