Mom (2025)
+++++
အမျိုးသမီးတစ်ယောက်ဟာ မိခင်ဘဝစတင်တဲ့အချိန်မှာ Postpartum Depressionလို့ခေါ်တဲ့
စိတ်ကျရောဂါတစ်မျိုးကိုရင်ဆိုင်ရတတ်ပါတယ် ...
အမျိုးသမီးတိုင်းမဟုတ်ပေမယ့် တစ်ချို့သောအမျိုးသမီးတွေမှာတော့ ဒါဟာတော်တော်ဆိုးဆိုးရွားရွား
ရင်ဆိုင်ရတဲ့ ပြဿနာမျိုးပါ။
အခုတင်ဆက်ပေးမယ့် Momဆိုတဲ့ဇာတ်ကားလေးဟာဒီအကြောင်းအရာကို အခြေခံပြီးရိုက်ကူးထားတဲ့
လျှို့ဝှက်သည်းဖိုဇာတ်ကားမျိုးဖြစ်ပါတယ်။
မားရက်ဒစ်ဟာ ပထမဆုံးသားဦးလေးကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ပါ...
မားရက်ဒစ်နဲ့ဂျရက်တို့ဇနီးမောင်နှံနှစ်ယောက် သားလေးဖြစ်တဲ့အဲလက်စ်ကိုမွေးဖွားပြီးကစက ပျော်ပျော်ရွှင်ရွှင်
အိမ်ကိုပြန်လာခဲ့ကြပေမယ့် နောက်ပိုင်းမှာမားရက်ဒစ်ဟာအထက်ကပြောခဲ့တဲ့ စိတ်ကျရောဂါကို
တဖြည်းဖြည်းရင်ဆိုင်လာရပါတယ်။
ဒီရောဂါကြောင့်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
အဓိကကဒီဇာတ်ကားဟာPsychological Horrorဇာတ်ကားမျိုးဖြစ်ပြီး သမားရိုးကျသရဲကားပုံစံမဟုတ်ဘဲ
စိတ်ဒဏ်ရာကိုအသားပေးရိုက်ကူးထားလို့ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့်မဖြစ်မနေ
ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ.....
File Size… (602M / (447M
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration…1h 35m
Genre … Drama , Thriller
Subtitle….Myanmar Subtitle (Hard Sub)
