1 ပတ် - ဘာသာပြန်ပါ။

သံသယနဲ့ဆိုရင် လက်တွဲ ဖြုတ်လိုက်ပါ
------------------------------------
အချို့ပြသနာတွေက ဖြေရှင်းတာထက်
ရှောင်ထွက်လိုက်တာ ပိုကောင်းပါတယ်။
ပြဿနာတိုင်းကို ဖြေရှင်းစရာ မလိုပါဘူး။
တချို့ စကားလုံးတွေက ပြောလိုက်တာထက်
မျိုသိပ်လိုက်တာ ဖိုကောင်းပါတယ်။
တခါတရံမှာ တိတ်ဆိတ်စွာ နေလိုက်ခြင်းက
တန်ဖိုး ပိုပြီး ကြီးနေတတ်ပါတယ်။
တချို့လူတွေကို အလျှော့ပေးပြီးနေတာထက်
ဥပေက္ခာ ပြုလိုက်တာ အကောင်းဆုံးပါ။
အလျှော့ပေး ရောင့်တက်တတ်လို့ပါ။
တချို့မျှော်လင့်ချက်တွေကို
ကိုယ်တိုင် လွှင့်ပစ်လိုက်တာ ပိုကောင်းပါတယ်။
တချို့ အသံတွေက နားစွင့်နေတာထက်
နားပိတ်ထားလိုက်တာ အကောင်းဆုံးပါ။
တချို့ မြင်နေရတာတွေက
ကြည့်နေမိတာထက်
မမြင်ချင်ယောင်ဆောင် ပေးလိုက်တာ
ပိုကောင်းပါတယ်။
အချို့ ဆက်ဆံရေးတွေမှာ
သံသယနဲ့ လက်တွဲနေတာထက်စာရင်
လက်တွဲဖြုတ်လိုက်တာက ပိုကောင်းပါတယ်။
သံသယဆိုတာ
နှစ်ဖက်လုံးအတွက် အကျိုးမရှိနိုင်လို့ပါ...........။
with respect - credit

image