1 w - Translate

မြန်မာနိုင်ငံ ရန်ကုန်တိရစ္ဆာန် ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ အသက် ၇၂ ပြည့် မွေးနေ့ပွဲကျင်းပ
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက်\
မြန်မာနိုင်ငံ၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ ၇၂ ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။
ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုက အောက်တိုဘာ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် ဧည့်ပရိသတ်များနှင့်အတူ သစ်သီးမွေးနေ့ကိတ်ခွဲခဲ့ကြောင်း သိရသည်။
“မိုမို က ၁၉၆၁ ခုနှစ် သူ့အသက် ၇ နှစ်အရွယ်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ခဲ့တာပါ။ နှစ်တွေ ဆယ်ချီကြာလာတော့ မိုမိုက သူ့နာမည်ကိုခေါ်ရင် ကပြပြီး ပြန်နှုတ်ဆက်တယ်။ အဲဒီတော့ ဧည့်သည်တွေက အရမ်းချစ်ပြီး သဘောကျကြတယ်” ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ operation manager ဦးခင်မောင်ထွေးက ပြောသည်။
“ကျွန်တော်တို့ အနေနဲ့ မိုမိုကို ကျန်းမာရေးစစ်ဆေးမှုတွေပုံမှန်လုပ်ပေးသလို အစားအသောက်ကိုလည်း ဂရုတစိုက် ကျွေးပါတယ်။ မိုမိုက ကျွန်တော်တို့ တိရစ္ဆာန်ရုံအတွက် အရမ်းအလုပ်ကြိုးစားတဲ့သူပါ။ မိုမိုက ဆင်အကကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ကပြခဲ့ပြီး သူရဲ့ အသက် ၆၀ ပြည့်တဲ့အချိန်အထိ ကပြခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“မိုမို အသက် ၆၀ ပြည့်နှစ်ကတည်းက မိုမို့မွေးနေ့ပွဲကို နှစ်တိုင်းကျင်းပခဲ့ပြီး ဆင်တွေနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ လုပ်ခဲ့ပါတယ်။ မိုမိုက တိရစ္ဆာန်ရုံရဲ့ နာမည်ကြီးဖြစ်သလို ဧည့်သည်တွေကလည်း သူ့ကို အရမ်းချစ်ကြတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
မိုမို၏ မွေးနေ့ပွဲတွင် တိရစ္ဆာန်အသိပညာပေးဟောပြောပွဲများ၊ တိုက်ရိုက် Live လွှင့်တင်ဆက်မှုများ၊ မျက်လှည့်ပွဲ၊ ဂိမ်းကစားနည်းများနှင့် ပျော်ရွှင်ဖွယ်အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

imageimage