◾️ထရန့်နှင့်ရှီကျင့်ဖျင် ထိပ်သီးပွဲမတိုင်မီ ထိုင်ဝမ်အနီးတွင် တရုတ်ဗုံးကြဲ လေ ယာဉ်များ ပျံသန်းခဲ့
ထိပ်တိုက်တွေ့သောပုံစံများကို လေ့ကျင့်ရန်အတွက် တ ရုတ် H-6K မဟာဗျူဟာ ဗုံးကြဲလေယာဉ်အုပ်စု တစ် စုသည် မကြာသေးမီက ထိုင်ဝမ်ကျွန်းအနီးတွင် ပျံသန်းခဲ့ကြကြောင်း တရုတ်အစိုးရမီဒီယာက ယမန် နေ့နှောင်းပိုင်းတွင် ပြောကြားခဲ့ရာ အမေရိကန်နှင့် တရုတ်သမ္မတ နှစ်ဦးတောင်ကိုရီးယားနိုင်ငံ၌ တွေ့ဆုံရန်ရှိနေစဉ် ထိုလုပ်ရပ်ကို လူသိရှင်ကြား ‌ပြောကြားခြင်းဖြစ်ကြောင်း ရိုက်တာသ တင်းက ဖော်ပြသည်။
ထိုင်ဝမ်ကို ၎င်းတို့၏ ပိုင်နက်အဖြစ် သဘောထားသော တ ရုတ်က ထိုင်ဝမ်ကျွန်းပတ်ပတ်လည် ဝေဟင်နှင့် ရေပြင်သို့ စစ်လေယာဉ်များ၊ စစ်သင်္ဘောများကို နေ့စဉ်လိုလို စေ လွှတ်‌လေ့ရှိသည်။
ထိုအတောအတွင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနကမူ ထူးခြားသော လှုပ်ရှားမှုများအကြောင်း သတင်းထုတ်ပြန်ခြင်းမရှိ‌‌ပေ။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုက်လေယာဉ်အုပ်စုများ သည် တိကျစွာတိုက်ခိုက်ခြင်း နှင့် ဝေဟင် တွင်တားဆီးပိတ်ဆို့ခြင်း ကဲ့သို့ နယ်ပယ်များတွင် ၎င်းတို့၏ စွမ်းဆောင်ရည်များကို စမ်းသပ်နိုင်ရန် တိုက်ပွဲ ဝင်ပုံစံလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြသည်ဟု အစိုးရရုပ်သံဌာန စစ်ဘက်ရုပ်သံလိုင်း၏ Weibo အကောင့်များတွင် ဖော်ပြထားပြီး နေ့ရက်ကို မဖော်ပြခဲ့ပေ။
“ J-10 တိုက်လေယာဉ်အများအပြားက သတ်မှတ်ထားတဲ့ ပစ်မှတ်လေပိုင်နက် ထဲမှာ တိုက်ပွဲဝင်ပုံစံစုဖွဲ့မှုမျိုးနဲ့ ပျံ သန်းခဲ့ကြပါတယ်။ H-6K ဗုံးကြဲလေယာဉ်အများအပြားကလည်း ထိုင်ဝမ်ကျွန်းပတ်ပတ်လည်က ဝေ ဟင်နဲ့ ရေပြင်ဆီ သွားရောက်ပြီး ထိပ်တိုက်တွေ့တဲ့ပုံစံ နဲ့ လေ့ကျင့်မှုတွေလုပ်ခဲ့ကြပါတယ်။” ဟု ဆက် လက် ရေးသားထားပြီး နေ ရာအတိအကျကို ထုတ်မပြောခဲ့ပေ။
H-6K အမျိုးအစား ဗုံးကြဲလေယာဉ်သည် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သော မဟာဗျူဟာမြောက် လေယာဉ်များဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တ ရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ခြင်း မတုံ့ပြန်ခဲ့ကြောင်းနှင့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမှတ်ချက်မပေးခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် အေပက်ထိပ်သီးအစည်းအဝေးပြင်ပတွင် တွေ့ဆုံ၍ နှစ်ဖက်ကြားဆက်လက်ဖြစ်ပေါ်နေသော ကုန်သွယ်ရေးအငြင်းပွားမှုကို ဆွေးနွေးသွားကြမည်ဟု မျှော်လင့်ရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image