1 ပတ် - ဘာသာပြန်ပါ။

ဝက်အူမ ချဉ်စပ်
ဝက်အူမကြီး ၃၀သား
ခရမ်းချဉ်သီး ၁၀သား
ကြက်သွန်နီ ၂လုံး(နုတ်နုတ်စင်း)
ကြက်သွန်ဖြူ ၄မွှာ (ထောင်းထားပါ)
ဂျင်း ၂ပြားခန့်( ။ )
ခရမ်းချဉ်သီးဆောစ့် ၃ဇွန်းခန့်
ကော်မှုန့် အနည်းငယ်
ငံပြာရည် ။
ဆား ။
သံပုရာသီး ၁လုံး
ငရုတ်သီးစိမ်း ၄တောင့်ခန့်
တရုတ်နံနံ ၂ပင်ခန့်
ငရုတ်ပုထောင်း အနည်းငယ်
တရုတ်မဆလာ ။
အူမကြီးကိုရေစင်စင်ဆေး၍အိုးကင်ပူကပ်ပါ။အချွဲများကုန်သွားသည်အထိခရင်းဖြင့်လှန်၍မွှေပေးပါ။
ရလျှင် ဆား သံပုရာသီး နှင့် နာနာနယ်ဆေးပြီး ဆား သကြား
တရုတ်မဆလာ နှင့်နယ်ထားပါ။
ပြီးလျှင် pressure cooker ဖြင့် ရေနို့ဆီဘူး ၁လုံးခွဲခန့်
ထည့်ပြီး နာရီဝက်ခန့်ပေါင်းပါ။
ဆတ်တောက်တောက်စားချင်လျှင်ရေလျော့ပါ။ရလျင်အရွယ်တော်လှီးထားပါ။
ဆီပူတွင် ကြက်သွန်နီ ဖြူ ဂျင်း ငရုတ်ပုတောင့်ဖြင့်ဆီသတ်ပါ
ခရမ်းချဉ်သီးထည့်၍ကြေအောင်ရေအနည်းငယ်ထည့်ပြီးမွှေပေးပါ။ခရမ်းချဉ်သီးလိပ်သွားလျှင် သကြား ငံပြာရည် ဆောစ့်
ထည့်ပြီး အူမကြီးထည့်ကာ ရေအနည်းငယ်ထည့်၍တည်ပါ။
ရေအနည်းငယ်ကျန်လျှင် ကော်မှုန့်ရေဖျော်ထည့်ပါ။
ငရုတ်သီးစိမ်း သံပုရာသီး တရုတ်နံနံအုပ်၍ ရပါပြီရှင်။
ကျေးဇူးတင်ပါတယ်ရှင်။

image