ငှက်တွေကို English အမည်နာမ သတ်မှတ်တဲ့ ပုံစံက သူတို့ရဲ့ထူးခြားတဲ့သွင်ပြင်လက္ခဏာကိုကြည့်ပြီး သတ်မှတ်လေ့ရှိတယ်။
သူတို့ရဲ့အမွေးအတောင်အရောင်၊ နှုတ်သီးပုံစံ၊ ခြေထောက်အရောင်တွေကို ကြည့်ပြီး နာမည်သတ်မှတ်တာပေ့ါ။​
ဥပမာအားဖြင့် - ဇွန်းလိုနှုတ်သီးပုံစံရှိတဲ့ငှက်ကို Spoonbill၊ ခေါင်းမှာအမောက်ပါတဲ့ချိုးသိမ်းကို Crested Goshawk၊ ဖင်မှာအနီပါတဲ့ဗွတ်ငှက်ကို Red-vented BulBul စသည်ဖြင့်ပေ့ါ။
အခုပုံထဲမှာပါတဲ့ငှက်နာမည်ကိုတော့ သူ့ရဲ့ အမွှေးအတောင်မှာပါတဲ့ အရောင်တွေနဲ့ သူ့နှုတ်သီးကိုကြည့်ပြီး နာမည်ပေးတယ်။ အနက်နဲ့အနီရောင်အမွှေးတွေရယ်၊ ပြန့်ကားတဲ့နှုတ်သီးရယ်ကို ကြည့်ပြီး Black and Red Broadbill လို့ အမည်သညာသတ်မှတ်တာပေါ့။
မြန်မာလိုဆိုရင်တော့ ငှက်ဆတ်နီဆိုပြီး သိကြတယ်။ ဒီငှက်ပုံလေးနဲ့ သူ့ကိုအမည်ပေးတဲ့ပုံလေးတွဲတင်ပေးတော့ ပိုမှတ်မိတာပေါ့။ 😊😊

image