OPPO Reno14 F ရဲ့ ပထမဆုံး သတိထားမိမယ့် အချက်ကို ပြောရရင် ဒီဖုန်းကို ကိုင်မယ် ဆိုရင် Build Quality က ကောင်းပါလားဆိုတဲ့အချက်ကို ပြောမိဖို့က အာမခံတယ်
Build Material က Plastic ဆိုပေမယ့် ဘောင်တွေကိုကျောဘက်နဲ့ ဆက်တဲ့အချိန်မှာ စျေးတန်းသင့်ဖုန်းတွေ အားနည်းလေ့ရှိတဲ့ ဆက်ရာ မညီတာမျိုးတွေမရှိပဲကျစ်ကျစ်လစ်လစ်ဖြစ်နေတာက အားသာချက်ပေါ့
ရှေ့ဘက် Display ကိုက ဖုန်းကို ဆက်ကိုင်ကြည့်မယ်ဆိုရင် ဘောင်တွေက ညီနေပါလားဆိုတဲ့ ခံစားချက်ကို ရမယ်
ဒီအချက်ကို ကြည့်မယ် ဆိုရင် Reno14 F ကို ပိုစျေးသက်သာအောင်လုပ်ပေးထားပေမယ့် စျေးပိုများတဲ့ Reno14 ရဲ့ User Experience နီးပါးရအောင် လုပ်ပေးထားတာကိုမြင်ရတယ်
Spec ကိုတော့ သိပ်ပြောတော့ဘူး AMOLED 120Hz တွေ Snapdragon 6 Gen 1 စတာတွေကို သုံးထားတယ် အပူစွန့်ဖို့ Vapor Chamber လည်း ပါတယ်
SoC ပိုင်းကတော့ Upgrade လေးသာ လုပ်ပေးခဲ့ရင် ပိုကောင်းမယ်လို့ထင်တယ် Snapdragon 6 Gen 1 က ထွက်ထားတာ 2022 ကဆိုတော့ အချိန်တစ်ခုရှိပြီဖြစ်တဲ့ SoC ဖြစ်နေတာကြောင့်ပါ
ဒါပေမယ့်လည်း All Rounder လို့ နာမည်တပ်လိုက်ရင် လက်ခံပေးလို့ရတဲ့ ဘောင်ထဲမှာတော့ရှိတယ်
Performance ပိုင်းက Average ပဲ အကုန်ပါအောင်ထည့်ပေးထားတာကို ပြန်ချိန်ကြည့်ရမှာကိုး
သို့ပေမယ့် Better Spec ၊ Better Phone ပဲဆိုတော့ SoC ပိုမြင့်လေ ကောင်းလေပါပဲ
ကင်မရာဆိုလည်း Point & Shoot မှာ အကုန်ပြေတယ်ဗျာ 50 MP Main + 8MP Ultra Wide ဒီနှစ်ခုက တကယ်လည်း အသုံးဝင်တဲ့ Lens တွေပဲ 2MP ကတော့ Macro အနေနဲ့ထည့်ပေးထားတယ်
OPPO အကြောင်းပြောရင် ColorOS က ချန်ထားလို့မရဘူး လက်ရှိက ColorOS 15 ဖြစ်မယ် ColorOS 16 Update လည်း ရဦးမှာကြောင့် အဆင်ပြေတယ်
ColorOS က Android တွေထဲမှာဆိုရင် AI စနစ် အစုံဆုံးတွေထဲက တစ်ခုဖြစ်နေတာကြောင့် Reno14 F ကို တခြားဖုန်းတွေထက် နှာတဖြား သာသွားတဲ့အချက်လေးဖြစ်သွားစေတယ်
AI စနစ်လေးတွေက စျေးအများကြီးသုံးစရာမလိုပဲ ကလိလို့ရမယ် ပုံပြင်တာဆိုလည်း စုံစုံလင်လင်ပါတယ်
AI Perfect Shot လို ဖုန်းတိုင်းမှာမရသေးတဲ့ စနစ်လိုပါတာတွေက ColorOS 15 ရဲ့ AI Feature ဘယ်လောက်စုံလဲ ဆိုတဲ့အချက်ကို တွေ့ရမှာပါ
Gemini စနစ်တွေအပြင် နာမည်ကြီး Circle To Search တွေလည်းရမယ်ပေါ့
ကျန်တာတော့ သိပ်ပြောစရာမရှိပါဘူး
Battery ကလည်း 6000 mAh ကို 45W SUPERVOOC နဲ့တွဲသုံးပေးထားတယ် Weight လည်းကိုင်ရတာ အရမ်းမလေးဘူး 180g ပဲရှိတယ်
IP68/69 Rating ပါတာတွေအပြင်
Stereo Speaker ပါတဲ့အချက်တွေက မဆိုးဘူးပေါ့
Reno14 Series ကိုက ဒီနှစ်မှာ 5G တွေပဲ ဖြစ်သွားတဲ့အချက်က Future Proof လည်းဖြစ်သွားစေမယ်ပေါ့
Reno14 F က Brand ကလည်း ကောင်းရမယ် Official လည်းဝင်ရမယ် All Rounder အဆင်ပြေတဲ့ ဖုန်းကို ရှာနေတဲ့သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်နေမှာပါ