#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ယူရေနီယမ် တရားမဝင်ဝယ်ယူရန် ကြိုးပမ်းသူ တရုတ်သုံးဦး ဂျော်ဂျီယာ၌ ဖမ်းဆီးခံရ
ယူရေနီယမ်သတ္တုများ တရားမဝင်ဝယ်ယူရန် ကြိုးပမ်းနေသော တရုတ်နိုင်ငံသားသုံးဦးကို ဂျော်ဂျီ ယာတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း အောက်တိုဘာ ၂၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါ တရုတ်နိုင်ငံသား သုံးဦးကို ယူရေနီယမ်သတ္တု နှစ်ကီလိုဂရမ်တရားမဝင်ဝယ်ယူရန်ကြိုးပမ်းနေစဉ်တီဘီလီဆီမြို့တော်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဂျော်ဂျီယာနိုင်ငံတော်လုံခြုံရေး ဗျူရိုက သတင်းထုတ်ပြန်ထားသည်။
၎င်း တရုတ်နိုင်ငံသားသုံးဦးသည် ယူရေနီယမ်သတ္တုများဝယ်ယူပြီးပါက ရုရှားနိုင်ငံကို ဖြတ်ကျော်၍ တရုတ်ပြည်တွင်းသို့ပို့ဆောင်ရန် စီစဉ်ထားကြောင်း ဂျော်ဂျီယာနိုင်ငံတော်လုံခြုံရေးဗျူရို သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံသား သုံးဦးဝယ်ယူမည့် ယူရေနီ ယမ်သတ္တု နှစ်ကီလိုဂရမ်၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၀၀၀၀၀ အထိ ရှိကြောင်း ဂျော်ဂျီယာ တာဝန်ရှိသူများ၏ အဆိုအရသိရသည်။
ယူရေနီယမ်သတ္တုဝယ်ယူရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံသားများအား မည်သည့်အချိန်၊ မည်သည့်နေရာ၌ ဖမ်းဆီးခဲ့သည်ကို ဂျော်ဂျီယာနိုင်ငံ တော်လုံခြုံရေးဗျူရိုက သတင်းထုတ်ပြန်ထားခြင်း မရှိပေ။
သို့ရာတွင် ယင်းတရုတ်နိုင်ငံသားသုံးဦးတို့ အားယူရေနီယမ်သတ္တုများဝယ်ယူရေးအတွက် ငွေချေမည့်ကိစ္စများ ဆွေးနွေးနေချိန်အတွင်း ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂျော်ဂျီယာတာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား- ရိုက်တာ