ဆော့ဝဲလ်ဖြင့် အလင်းရောင်ကို အလိုအလျောက်ပြောင်းလဲနိုင်တဲ့ OPPLE SDL နည်းပညာသစ်မိတ်ဆက်
OPPLE Lighting မှ သဘာဝနှင့်အနီးစပ်ဆုံးတူညီနိုင်မည့်အလင်းရောင်ကို ဆော့ဝဲလ်ဖြင့်ပြောင်းလဲပြီး ပြင်ပ အလင်းရောင်နှင့်အညီ အဆောက်အအုံအတွင်းအလင်းရောင်ကို အလိုအလျောက်ပြောင်းလဲနိုင်တဲ့ OPPLE SDL (Software Defined Lighting) နည်းပညာသစ်ကို မြန်မာနိုင်ငံမှာမိတ်ဆက်ပြသခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ နည်းပညာသစ်ကို OPPLE Lighting မှ ပညာရှင် ၁၀၀ ကျော်က နည်းပညာသစ်မူပိုင်ခွင့် ၁၈၃ ခုကို ၃ နှစ်ကျော် သုတေသနပြုလုပ် တီထွင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာနည်းပညာပြပွဲ၌မိတ်ဆက်ပြီး လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ယင်း OPPLE SDL Smart Lighting ကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် မန္တလေးမြို့ရှိ Mingalar Tower Residence Project : New Star Light Construction ၌တပ်ဆင်အသုံးပြုထားတယ်လို့ သိရပါတယ်။