#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️လစ်သူယေးနီးယား နိုင်ငံတကာလေဆိပ် မိုးပျံဘောလုံးများကြောင့် ထပ်ပိတ်ရပြန်
မြောက်အတ္တလန္တစ်စာချုပ်အဖွဲ့ (နေတိုး)အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် လစ်သူယေးနီးယားနိုင်ငံသည် နိုင်ငံလေပိုင်နက်အတွင်းသို့ဝင်ရောက်လာသော မိုးလေဝသတိုင်းတာရေး မိုးပုံဘောလုံးများကြောင့် ဘီလာရုုစ်ယ်စပ်တစ်လျှောက်ရှိနယ်စပ်ဝင်ပေါက်များနှင့် ဗီးလ်နီးယပ်မြို့တော်ရှိ နိုင်ငံတကာလေဆိပ် တို့ကို အောက်တိုဘာ ၂၅ ရက်တွင် ပိတ်ထားခဲ့ရကြောင်း သိရသည်။
လစ်သူယေးနီးယားနိုင်ငံအနေဖြင့် အိမ်နီးချင်းဘီလာရုစ်နိုင်ငံမှ ဝင်ရောက်လာသော မိုးပျံဘောလုံးများကြောင့် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်များ နှင့် ဗီးလ်နီးယပ်မြို့တော် နိုင်ငံတကာလေဆိပ်ကို အောက်တိုဘာ ၂၅ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် ပိတ်ခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဥရောပတစ်ဝန်းရှိလေဆိပ်များမှာ မောင်းသူမဲ့လေယာဉ်များ ချင်းနင်းဝင်ရောက်မှုနှင့် အခြားလေကြောင်း ကျူးကျော်ဝင်ရောက်မှုများကြောင့် လုပ်ငန်းလည်ပတ်မှုများ ကမောက်ကမ ဖြစ်ခဲ့ရသည်။
မောင်းသူမဲ့လေယာဉ်ချင်းနင်းဝင်ရောက်မှုများနှင့် အခြားဝေဟင်ပိုင်နက် ကျူးကျော်ဝင်ရောက်မှုများကြောင့် လုပ်ငန်းလည်ပတ်မှု ကမောက်ကမဖြစ်ခဲ့ရသော လေဆိပ်များထဲတွင် ဒိန်းမတ်၊ ဂျာမနီနှင့် ဘောလ်တစ်ဒေသနိုင်ငံများမှ လေဆိပ်များလည်း ပါဝင်ခဲ့သည်။
ဘီလာရုစ်နိုင်ငံဘက်မှ ဝင်ရောက်လာသော မိုးလေဝသမိုးပျံဘောလုံးများမှာ မှောင်ခိုသမားများက စီးကရက်အတုများ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့် မိုးပျံဘောလုံးများဖြစ်ကြောင်း လစ်သူယေးနီးယားတာဝန်ရှိသူများက ပြောကြားထားသည်။
ကိုးကား- ရိုက်တာ

image