15 hrs - Translate

ဒီဇိုင်းလန်း ၊ အထာကျပြီး Underdisplay Camera ပါတဲ့ဖုန်းမှ ရွေးချင်တာဆိုရင် Nubia Z80 Ultra ပဲရှိမယ်
Nubia က ရှင်းတယ် သူ့ရဲ့ လေးထောင့်ဆန်တဲ့ Design Language ကို လုံးဝကို မပြောင်းပဲထုတ်နေတော့ မြင်တာနဲ့ဘာဖုန်းမှန်းကိုတန်းသိနေပြီ
Z80 Ultra ကလည်း လုံးဝကို Flagship အနေနဲ့ ထုတ်ပေးလာတာလို့ဆိုရမယ်
ကျောဘက်မှာ 50MP Camera (2) လုံးတပ်ပေးထားတယ် နောက်ထပ်တစ်ခုကတော့ 64MP Periscope Telephoto ပဲ ရှေ့ဘက် Under-Display Camera ကလည်း 16MP ဖြစ်လာပြီ
Battery ဆိုရင်လည်း 7200 mAh Battery ကိုမှ 90W Fast Charging ကိုတွဲဖက်သုံးပေးထားတယ့်အပြင် 80W Wireless Charging က ထည့်ပေးထားသေးတယ်
သဘောကျတာ Display ပဲ Notch, Punch Hole လုံးဝ မပါဘူး 6.85” အရွယ်အစားကို OLED 144Hz Refresh Rate ၊ 1.5K Resolution ဆိုတော့ ရှယ်ပဲပေါ့
SoC ကလည်း Android တွေအတွက် နောက်ဆုံးထွက် Snapdragon 8 Elite Gen 5 ကိုသုံးပေးထားတယ်

image
image
image
image