ယူကရိန်းနိုင်ငံ အနောက်ပိုင်းရှိ ဇာကာပါတီယာ (Zakarpattia) ဒေသမှာ နေထိုင်ကြတဲ့ ကယ်လ်ဒါရာရီ ရိုမာ (Kelderari Roma) လူမျိုးတွေကြားမှာ ထူးခြားတဲ့ ရိုးရာဓလေ့တစ်ခု ရှိပါတယ် အဲဒါကတော့ ရွှေသွားတွေ တပ်ဆင်ခြင်းဘဲဖြစ်ပါတယ် ဒီရွှေသွားတပ်ဆင်ခြင်းဟာ အလှဆင်ခြင်းသက်သက်မဟုတ်ဘဲ များစွာသောအဓိပ္ပာယ်တွေရှိပါတယ်
ရွှေသွားတပ်ဆင်ခြင်းဟာ ဘဏ္ဍာရေး ကြွယ်ဝမှုကို ပေါ်လွင်စေပြီး မိသားစုဟာ စားဝတ်နေရေးအတွက် မပူပန်ရတဲ့ အနေအထားကို ရောက်နေပြီဖြစ်ကြောင်း လူအများ သိသာစေရန် ပြသခြင်းဖြစ်ပါတယ် ရွှေပမာဏ များလေလေ လူမှုအသိုင်းအဝိုင်းအတွင်း ဂုဏ်သိက္ခာ ကြီးမားလေလေ ဖြစ်ပါတယ် နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ ရိုမာလူမျိုးတွေအတွက် ရွှေသွားတွေဟာ သူတို့ရဲ့လူမျိုးစု ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန်အတွက် နည်းလမ်းလည်း ဖြစ်ပါတယ်
ဓာတ်ပုံဆရာ Yurko Dyachyshyn ဟာ ဇာကာပါတီယာ ဒေသရှိ ပစ်ဗိုင်နိုဟရာဒစ်ဗ် ရွာမှာ အချိန်ယူကာ ဒီဓာတ်ပုံမှတ်တမ်းကို ရိုက်ကူးခဲ့ပါတယ် ရွှေလုပ်နိုင်တဲ့သူတွေဟာ အဲဒီရွှေကို ရိုးရိုးလက်ဝတ်ရတနာတွေလို လုပ်ထားတာမျိုး မဟုတ်ဘဲ သွားတွေမှာ ထည့်သွင်းပြီ လူသိထင်ရှား ဂုဏ်ယူစွာ ဖော်ပြခြင်းဟာ သူတို့ရဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်
Dyachyshyn ရဲ့ ဓာတ်ပုံမှတ်တမ်းဟာ ရိုမာလူမျိုးတွေနဲ့ ပတ်သက်တဲ့ ပြင်ပကမ္ဘာရဲ့ ပုံသေအတွေးအခေါ်တွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ပါတယ် ဓာတ်ပုံတွေရဲ့ နောက်ခံနေရာတွေဟာ ရိုးရှင်းပြီး အိမ်ပုံစံတွေကလည်း ခေတ်မမီဘူးလို့ ထင်ရနိုင်ပေမဲ့ပါးစပ်ထဲက ရွှေသွားတွေရဲ့ တောက်ပမှုက "ငါတို့ဟာ ကိုယ့်စည်းကမ်းအတိုင်း ကိုယ်ရပ်တည်နေနိုင်တဲ့ ခိုင်မာတဲ့ လူမျိုးစု"ဆိုတဲ့ သတင်းစကားကို ဖော်ပြနေခြင်းဘဲဖြစ်ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts