ပျော်ရွှင်မှုတွေကို ခံစားဖို့ဆိုတာ ဘဝကို အကန့်ကလေးတွေခွဲထားတတ်ဖို့ လိုပါတယ် ။ အဆင်မပြေတာတွေကြားမှာလည်း အဆင်ပြေအောင် နေတတ်ရမှာ ဖြစ်သလို အဆင်ပြေတယ်ဆိုရင်လည်း အဆင်ပြေတာကို လက်ခံပျော်ရွှင်တတ်ဖို့လိုပါတယ် ။ ဒီလို ပျော်ရွှင်နေတာဟာ အဆင်မပြေတဲ့သူတချို့အပေါ် ကိုယ်ချင်းစာတရား မရှိတာလည်း မဟုတ်ပါဘူး ။ ကိုယ့်ဘဝကို ပြည့်စုံစွာ ရှင်သန်ခြင်းပဲ ဖြစ်ပါတယ် ။
ပျော်ရွှင်မှုနဲ့ ရယ်မောခြင်းကို Human Experience ရဲ့ မရှိမဖြစ်အရာတွေအဖြစ် တန်ဖိုးထားကြရမှာ ဖြစ်ပါတယ် ။ ဒါမှလည်း လူတွေရဲ့ စိတ်ဖိစီးမှု ပြေပျောက်စေမှာပါ ။
စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို မြှင့်တင်ပေးမှာပါ ။ လက်ရှိအခိုက်အတန့်မှာ ပျော်ရွှင်မှုကို ဆုပ်ကိုင်ထားတတ်ဖို့လိုပါတယ် ။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်အဆင်ပြေမှလည်း သူများရဲ့ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်မှာပါ ။
ဘဝဆိုတာ သာယာလှပတဲ့ ခရီးတစ်ခုဖြစ်ပြီး စဉ်ဆက်မပြတ် ရုန်းကန်နေရတာမျိုး မဟုတ်ဘဲ ပျော်ရွှင်ဖို့အတွက်လည်း ရည်ညွန်းပါတယ် ။
Life is to enjoy, not to struggle
ပျော်ရွှင်မှုကို ပွေ့ပိုက်ထားခြင်း ၊ ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေရဲ့ ပြီးပြည့်စုံမှုကို ရှာဖွေခြင်းဟာ ကျွန်မတို့ရဲ့ ဘဝကို အမှန်တကယ် ပြည့်စုံကြွယ်ဝစေမှာ ဖြစ်ပါတယ် ။
#မွန်ဟော်စီ

image