အင်တာကို အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ နာပိုလီတက်လှမ်းလာ
======================

နာပိုလီဟာ စကော့မက်တိုမီနေး၊ ကီဗင်ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ လက်ရှိ ချန်ပီယံ အင်တာမီလန်ကို အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းလာပါတယ်။

Stadio Diego Armando Maradona မှာ ကစားတဲ့ပွဲစဉ်တွင် နာပိုလီဟာ ကီဗင်ဒီဘရိုင်းရဲ့ ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် စကော့မက်တိုမီနေး၊ အန်ဂူဆာတို့ရဲ့ ဂိုးတွေနဲ့ အင်တာမီလန်ကို ၃-၁ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

နာပိုလီဟာ တိုရီနို၊ ပီအက်စ်ဗွီတို့ကို ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၃ ပွဲတွင် ပထမဆုံးနိုင်ပွဲ ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နာပိုလီအတွက် စိုးရိမ်စရာကောင်းတာကတော့ ပင်နယ်တီကနေ ဂိုးသွင်းယူပြီးတဲ့နောက် ကီဗင်ဒီဘရိုင်း ဒဏ်ရာရရှိပြီး ကွင်းအတွင်းကနေ ထော့နင်းထော့နင်းဖြင့် ထွက်ခွာသွားခဲ့ရပါတယ်။ ကီဗင်ဒီဘရိုင်းဟာ နွေရာသီမှာ နာပိုလီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးတဲ့နောက် ၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းထားနိုင်ပါတယ်။

နာပိုလီဟာ စီးရီးအေ ၈ ပွဲတွင် ၇ ပွဲမြောက် နိုင်ပွဲ ရရှိလာတာ ဖြစ်ပြီး အေစီမီလန်ကို တစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

ယနေ့ညတွင် ဆက်စ်ဆူလိုနှင့် ရင်ဆိုင်ရမယ့် ရိုးမားဟာ ဒီပွဲ အနိုင်ရရှိရင် နာပိုလီနှင့်အတူ ရမှတ် ၁၈ မှတ်တူညီလာပါမယ်။

image