ဗီလာရှုံးပွဲတွင် ဂိုးသွင်းနိုင်ဖို့အရေး အနာဂတ်မျိုးဆက်ကို ရင်းပြီး ကြိးစားခဲ့တဲ့ ဟာလန်း
=====================

အာလင်းဟာလန်းဟာ မနေ့ညတုန်းက ဗီလာရှုံးပွဲတွင် ဂိုးသွင်းနိုင်ဖို့အရေး အနာဂတ်မျိုးဆက်ကို ရင်းပြီး ကြိုးစားခဲ့ပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာ မနေ့ညတုန်းက ဗီလာပါ့ခ်တွင် ဗီလာကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် ကလပ်နှင့် နိုင်ငံအတွက် ၁၃ ပွဲဆက် ဂိုးသွင်းနိုင်မှု အဆုံးသတ်ခဲ့ရပါတယ်။

ဒါပေမယ့် အာလင်းဟာလန်းဟာ မနေ့ညကပွဲမှာ ဂိုးသွင်းနိုင်ဖို့အရေး အစွမ်းကုန် ကြိုးပမ်းခဲ့ပါသေးတယ်။

သူဟာ ပွဲပြီးခါနီးမှာ အိုမာမာမွတ်ရှ်ရဲ့ ဖြတ်တင်ဘောကို ၆ ကိုက်စည်းအတွင်း ပြေးဝင်ကာ ပိတ်သွင်းခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေတိုက်စစ်မှူးဟာ ကံဆိုးစွာဘဲ ပေါင်ခြံနှင့် ဂိုးထိ ထိသွားခဲ့ပါတယ်။

အာလင်းဟာလန်းဟာ အမျိုးသားအင်္ဂါမှာ ဂိုးတိုင်နဲ့ ထိမိမှုနှင့်အတူ အကြီးအကျယ်နာကျင်ခဲ့တာလည်း တွေ့ရပါတယ်။

ကံဆိုးတာက ယင်းဂိုးကို လူကျွံဘောအဖြစ် စည်းကြပ်ဒိုင်က အလံထောင်ထားပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် အာလင်းဟာလန်းဟာ ဂိုးရရှိရေးအတွက် မျိုးဆက်သစ်ကို ရင်းပြီး ကြိုးပမ်းမှုအတွက် ပရိသတ်တွေရဲ့ ချီးကျူးမှု ရရှိနေပါတယ်။

ပရိသတ်တစ်ဦးက "လူကျွံဘောအတွက် အနာဂတ်ဟာလန်းမျိုးဆက်ကို တကယ်ရင်းပြီး ကြိုးစားခဲ့တဲ့ အာလင်းဟာလန်း။ ဒီလူက ဂိုးသွင်းဖို့အရေး တကယ်ပဲ ပေးဆပ်ရဲတယ်"လို့ ဟာသနှော ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း "ကလေးတွေလည်း မရ၊ ဂိုးကလည်း လူကျွံနေတယ်"လို့ ပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း "လူကျွံဘောအတွက် ဟာလန်းဟာ ဘောကို တကယ်ပဲ ရင်းနှီးလိုက်တယ်"လို့ ဆိုသွားပါတယ်။
အာလင်းဟာလန်းဟာ ဩဂုတ်လ ၃၁ ရက်နေ့ ဘရိုက်တန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမှ စတင်ကာ ကလပ်နှင့် နိုင်ငံအတွက် ၁၃ ပွဲဆက် ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ဗီလာနှင့်ပွဲမှာ ဂိုးဆက်တိုက်သွင်းနိုင်မှု ရပ်တန့်သွားခဲ့ပါတယ်။

သူဟာ မော်ဒိုဗာနှင့်ပွဲတွင် နော်ဝေအတွက် ၅ ဂိုးသွင်းခဲ့မှုအပါအဝင် ၁၂ ပွဲတွင် ၂၂ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

image