ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော ရေဒီယို တယ်လီစကုပ် တရုတ်တည်ဆောက်
-------------------------
တရုတ်နိုင်ငံဟာ Five-hundred-meter Aperture Spherical Telescope (FAST) လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော ရေဒီယို တယ်လီစကုပ် တည်ဆောက်ထားတယ်လို့ Tech Worm သတင်းမှာဖော်ပြထားပါတယ်။
ဒီတယ်လီစကုပ်ကြီးဟာ တရုတ်နိုင်ငံ Guizhou ပြည်နယ်က သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ မြေနိမ့်ပိုင်းတစ်ခုမှာ တည်ရှိပြီး အချင်း(၅၀၀) မီတာရှိတဲ့ ပန်းကန်ပြားကြီးဟာ ဘောလုံးကွင်း ၃၀ စာ လောက်ရှိပါတယ်။
အဓိကရည်ရွယ်ချက်တွေထဲမှာတော့ စကြဝဠာကို လေ့လာခြင်း၊ ပူလ်ဆာ (Pulsars) တွေကို ရှာဖွေတာတွေအပြင် အပြင်ဂြိုလ်တွေမှာရှိတဲ့ သက်ရှိတွေဆီကလာတဲ့ အချက်ပြမှုတွေကို ရှာဖွေတာတွေ(Search for Extraterrestrial Intelligence - SETI) အတွက်ပါ အဓိကထားအသုံးပြုဖို့ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ ဒီစီမံကိန်းဟာ တည်ဆောက်စရိတ်က အမေရိကန်ဒေါ်လာ ၁၈၀ သန်း (မြန်မာငွေ ၇၃၈ ဘီလျံ ) လောက် အကုန်အကျခဲ့ပြီး၊သူ့ရဲ့ အာရုံခံနိုင်စွမ်းဟာ အရင် က အကြီးဆုံးဖြစ်ခဲ့တဲ့ Arecibo Observatory ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားတယ်လို့သိရပါတယ်။


