1 ပတ် - ဘာသာပြန်ပါ။

ယနေ့ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက ပြင်ဦးလွင်နှင့် ဂန့်ဂေါမြို့တို့ကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့တို့ကိုဗဟိုပြု၍ ယနေ့ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြင်ဦးလွင်မြို့၏ တောင်-အရှေ့တောင်ဘက်(၂၂)မိုင်ခန့်အကွာ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ နံနက် ၄ နာရီ ၂၃ မိနစ် ၅ စက္ကန့်က အင်အားရစ်ခ်တာစကေး(၃ ဒသမ ၈)အဆင့် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၇ နာရီ ၅၅ မိနစ် ၅၂ စက္ကန့်ကလည်း ဂန့်ဂေါမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ အနက် (၃၈) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နံနက် ၁၂ နာရီ ၁ မိနစ် ၃၉ စက္ကန့်ကလည်း ဂန့်ဂေါမြို့ကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး (၃ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

image