◾️နျူကလီးယားစွမ်းအင်သုံး တာဝေးပစ်ဒုံးကျည်သစ်ရုရှားစမ်းသပ်
နျူကလီးယားစွမ်းအင်သုံး တာဝေးပစ်ဒုံးကျည်သစ်တစ်မျိုးကို ရုရှားက အောင်မြင်စွာစမ်းသပ်လိုက်ကြောင်းနှင့် ၎င်းတို့အား နေရာချထားရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။
အောက်တိုဘာ ၂၁ ရက် က စမ်းသပ်ခဲ့သော အဆိုပါ ဒုံး ကျည်သည် အကွာအဝေး မိုင်ပေါင်း ၈၇၀၀ ( ကီလိုမီတာ ၁၄၀၀၀ ) အထိ ရောက်ရှိခဲ့ကာ လေထဲတွင် ၁၅ နာရီကြာ ပျံသန်းခဲ့သည်ဟု ရုရှားလက် နက်ကိုင် တပ်ဖွဲ့ များ၏ အ ကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာစီမော့ဗ်ကပူတင်အား ပြောကြားခဲ့သည်။
SSC-X-9 Skyfall ဟု နေတိုးအဖွဲ့က နာမည်ပေးထားသော 9M730 Burevestnik (Storm Petrel) ဒုံးကျည်သည် ရေဒါဖမ်း၍မမိနိုင်ဘဲလက်ရှိနှင့်အနာဂတ်လေ ကြောင်း ရန်ကာကွယ်ရေးစနစ်များကိုပါကျော်ဖြတ် နိုင်စွမ်း ရှိကြောင်း၊ ပျံသန်းနိုင်သော အကွာအဝေးအကန့် အ သတ်မရှိသလို ၎င်းပျံသန်းမည့် လမ်းကြောင်းကိုလည်း မှန်းဆ၍ မရကြောင်း ရုရှားတို့က ပြောကြားသည်။
“ ဒါဟာ ကမ္ဘာပေါ်မှာ ဘယ်သူ့ဆီမှာမှ မရှိသေးတဲ့ တစ်မူထူးခြားတဲ့ လက်နက်ဖြစ်ပါတယ်။” ဟု ယူကရိန်းစစ်ပွဲကို ကြီးကြ်နေသော ဗိုလ်ချုပ်ကြီးများနှင့် ကွပ်ကဲရေးဌာနအစည်းအဝေးတစ်ရပ်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ထားသော သမ္မတပူတင်က ပြောကြားသည်။
ထိုကဲ့သို့သော လက်နက်မျိုး ထွက်ပေါ်လာနိုင်ခြေမရှိ ဟူ၍ အချို့သောရုရှား ကျွမ်းကျင်သူများက ၎င်းအား တစ်ချိန်ကပြောကြားခဲ့ကြသော်လည်း ယခုအခါ ဒုံးကျည်အတွက် အရေးပါသော စမ်းသပ်မှုကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ် ကြောင်း ပူတင်က ပြောသည်။
အဆိုပါလက်နက်အား မည်သို့အတန်းအစားသတ်မှတ်မည်၊ ၎င်းတို့ကို ချထားရန် အခြေခံ ဆောက် အအုံ များ ပြင်ဆင်ရေး စသည်တို့ကိုလည်း ရုရှားက နားလည်သ ဘောပေါက်ရမည်ဟု ရုရှားခေါင်းဆောင်က ဗိုလ်ချုပ်ကြီး ဂီရာစီမော့ဗ် အား ပြောကြားခဲ့သည်။
ဒုံးကျည်ပျံသန်းနိုင်သော အကွာအဝေးမှာ အကန့်အသတ်မရှိသော်လည်း ယခုကဲ့သို့ အလွန်ဝေးလံသောနေရာကို ပျံ သန်းခဲ့သောကြောင့် ယခုစမ်းသပ်မှုမှာ ထူးခြားကြောင်း နှင့် နျူးကလီးယားစွမ်းအင်ဖြင့် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ဂီရာစီမော့ဗ် က ပြောကြားပြီး မည်သည့် ဒုံးကျည်ကာကွယ်ရေးစနစ်မျိုးကိုမဆို ကျော်လွှားနိုင်သည်ဟု ဆက်ပြောသည်။
သမ္မတပူတင်သည် ဗုဒ္ဒဟူးနေ့ကပင် ရုရှားနိုင်ငံ၏ မဟာ ဗျူ ဟာမြောက် နျူကလီးယားတပ်ဖွဲ့များ၏ မြေပြင်၊ ရေ ပြင် ၊ ဝေဟင် တွင် အသင့်ရှိမှု နှင့် အဆင့်ဆင့်ကွပ်ကဲမှုအား စမ်း သပ်သည့် လေ့ကျင့်မှုကို ကြီးကြပ်ခဲ့သည်။
မိမိတို့၏ နျူကလီးယားဟန့်တား‌ရေးတပ်ဖွဲ့များ၏ ခေတ်မီဆန်းပြားမှုသည် အမြင့်ဆုံးအဆင့်တွင် ရှိနေကြောင်း နှင့် မည်သည့်နျူကလီးယားအင်အားကြီးနိုင်ငံထက် မဆို သာ လွန်ကြောင်းပူတင်က ပြောကြားခဲ့သည်။
ရုရှားနှင့်အမေရိကန်သည် ကမ္ဘာ့နျူကလီးယားလက်နက်စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြပြီး ယင်းလက်နက်များသည် ကမ္ဘာကြီးကိုကြိမ်ဖန်များစွာ ဖျက်ဆီးပစ်နိုင်ကြောင်း သိရသည်။
အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့(FAS)၏အဆိုအရ ရရှားနိုင်ငံက နျူကလီးယားထိပ်ဖူး ၅၄၅၉ ခု ပိုင်ဆိုင်ပြီး အမေရိကန်က ၅၁၇၇ ခု ပိုင်ဆိုင်ထားကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image