◾️စမ်းချောင်း၌ ခြောက်လွှာအမြင့်ရှိတိုက်ပေါာမှ လူငယ်တစ်ဦးပြုတ်ကျ
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၆ ရက်)နံနက် ၆နာရီ ၂၅ မိနစ်တွင် လူငယ်တစ်ဦး ခြောက်လွှာအမြင့်ရှိတိုက်ပေါာမှပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှသိရသည်။
အဆိုပါ လူငယ်မှာ စမ်းချောင်းမြို့နယ်၊မြေနီကုန်း(မြောက်)ရပ်ကွက်၊ ရှမ်းကုန်းလမ်းရှိ တိုက်တစ်တိုက်၏ ခြောက်လွှာမှ ပြုတ်ကျ၍ ထိုမှတစ်ဆင့် တိုက်ဘေးကပ်ရပ်ရှိ စရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ် သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ယင်း ဖြစ်စဉ်အသေးစိတ်နှင့်လူငယ်၏ နောက်ဆက်တွဲကျန်းမာရေးအခြေအနေအား အနာဂတ်အလင်းတန်းပရဟိတအသင်းထံစံတော်ချိန်ဒစ်ဂျစ်တယ်မှဆက်သွယ်မေးမြန်းရာ ဖြေဆိုပေးနိုင်ခြင်းမရှိသေးပါ။
အဆိုပါ လူငယ်အား မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ပြီး အသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ဌာနသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- အနာဂတ်အလင်းတန်းပရဟိတအသင်း
#ပြည်တွင်းသတင်း