ဗာတီကန်၌ ချားလ်စ်ဘုရင်နှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ
-------------------

ဗာတီကန်ကို သွားရောက်တဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း ချားလ်စ်ဘုရင်ဟာ အောက်တိုဘာ ၂၃ ရက်က ပုပ်ရဟန်း မင်းကြီးလီယိုနဲ့ တွေ့ဆုံခဲ့တာကို CBS သတင်းမှာ ဖော်ပြထားပါတယ်။ ချားလ်စ်ဘုရင်ဟာ ပုပ်ရဟန်းမင်းကြီးနဲ့အတူ အများပြည်သူရှေ့မှောက် ဆုတောင်းဝတ်ပြုတဲ့ပုဂ္ဂိုလ်အဖြစ် သမိုင်း မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၇၆ နှစ်အရွယ် ချားလ်စ်ဘုရင်ဟာ အမြင့်ဆုံး အုပ်ချုပ်ရေးမှူးရာထူးကို ထမ်းဆောင်နေသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဗာတီကန်ကို "သမိုင်းဝင်"ခရီးစဉ်အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

၁၅၃၄ ခုနှစ်မှာ အဋ္ဌမမြောက် ဟင်နရီဘုရင်က ကက်သလစ်သာသနာကနေ အင်္ဂလီကန် အသင်းတော်ကို ခွဲထွက် ခဲ့ပြီးနောက်ပိုင်းမှာ အနှစ် ၅၀၀ နီးပါးအကြာမှာမှ ဗြိတိန်ဘုရင်နဲ့ ကက်သလစ်ပုပ်ရဟန်းမင်းတို့ ပထမဆုံးအကြိမ် အတူတွဲဝတ်ပြုတာ ဖြစ်ပါတယ်။

လက်တင်လို ဝတ်ရွတ်သံတွေနဲ့ အင်္ဂလိပ်လို ဆုတောင်းသံတွေ ရောယှက်သွားခဲ့ပြီး ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းနဲ့ အတူ အင်္ဂလီကန်ဂိုဏ်းချုပ်ဆရာတော် စတီဖင် ကော့ထရဲလ်က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘုရား ကျောင်းဟာ သာသနာပြုပြင်ပြောင်းလဲမှု မတိုင်ခင်က ဗြိတိန်ဘုရင်စနစ်နဲ့ သမိုင်းဝင် ဆက်နွှယ်မှုရှိခဲ့တဲ့နေရာ လည်း ဖြစ်ပါတယ်။

image