7,650mAh ဘက်ထရီပါဝင်မည့် Redmi K90 Pro Max မိတ်ဆက်
-----------------------
Redmi ဟာ Redmi K90 series စမတ်ဖုန်းတွေကို အောက်တိုဘာ ၂၃ ရက်က တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက် ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီက ထုတ်ပြန်လိုက်တဲ့ Teaser တွေအရ ဒါဟာ မဝယ်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ flagship ဖုန်းတစ်လုံး ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ပိုပြီး premium ကျတဲ့ Xiaomi 17 Pro Max မှာ သုံးထားတဲ့ display နဲ့ primary camera တွေကို အတူတူ ထည့်သွင်းထားလို့ ဖြစ်ပါတယ်။
ဒါဟာ periscope telephoto camera တစ်လုံး ပါဝင်လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး Redmi ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းမှာ Redmi ဖုန်းသမိုင်းတစ်လျှောက် အကြီးဆုံး ဘက်ထရီ ပါဝင်လာတယ်လို့ ကုမ္ပဏီက အတည်ပြုထား ပါတယ်။ ဒီမတိုင်ခင် ဒီနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ Redmi Turbo 4 Pro မှာတော့ 7,550mAh ဘက်ထရီ ပါဝင်ခဲ့တာပါ။ Redmi K90 Pro Max မှာ 100W wired charging နဲ့ 50W wireless charging (ကြိုးမဲ့အားသွင်း) တွေ ပါဝင်မှာ ဖြစ်ပါတယ်။
Redmi K90 Pro Max မှာ 6.9-inch OLED screen ပါဝင်မယ်လို့ တရားဝင် အတည်ပြုထားပြီး အဲဒီ screen ဟာ 2K resolution နဲ့ 120Hz refresh rate ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ သူ့မှာ Android 16 ကို အခြေခံထားတဲ့ HyperOS 3.0 ကိုလည်း ကြိုတင် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။