(၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော်(ကြည်း၊ရေလေ)ဘောလုံးပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အသင်းဗိုလ်စွဲ

၂၀၂၅ ခုနှစ်၊ (၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော်(ကြည်း၊ရေလေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအား ယနေ့ အောက်တိုဘာ ၂၄ ရက်ညနေပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲစဥ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးကိုယ်စားပြုအသင်းက ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးကိုယ်စားပြုအသင်းအား တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဖလားနှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း အသန့်ရှင်းဆုံးဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ဆုဖလားနှင့် ငွေသားဆုများ၊ ကော်မ ရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးကိုယ်စားပြုအသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ် ချုပ်ကြီးနီလင်းအောင်က ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း၊ စစ်ရေးချုပ် ဒု- ဗိုလ်ချုပ်ကြီးဖုန်းမြတ်က တတိယဆုရရှိသည့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ စစ်ထောက်ချုပ် ဒု-ဗိုလ်ချုပ်ကြီးဇော်ဟိန်းက ပွဲစဉ်တစ်လျှောက်တစ်ဦးချင်းနေရာအလိုက်အကောင်းဆုံးကစားသမားဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

image