ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်
-----------------------------------------------

လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင် လယ်အော် အနောက်အလယ်ပိုင်းတို့မှာ ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm)ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၄ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ဆက်လက်တည်ရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်။

အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ကာ ပိုမိုအားကောင်းလာနိုင်ပြီး အောက်တိုဘာ ၂၅ ရက်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့မှာ မုန်တိုင်းငယ် (Depression) အဖြစ်ကိုလည်းကောင်း၊ အောက်တိုဘာ ၂၆ ရက်မှာ အားကောင်းတဲ့မုန်တိုင်းငယ် (Deep Depression) အဖြစ်ကိုလည်းကောင်းရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မနက်ဖြန် အောက်တိုဘာ ၂၅ ရက် မွန်းတည့်ချိန်အထိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

image