တရုတ်နိုင်ငံ၏ လေအားလျှပ်စစ်ထုတ်လုပ်နေမှုများကို ဝန်ကြီးဦးဥာဏ်ထွန်းလေ့လာ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းသည် တရုတ်နိုင်ငံ၊ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနအကြီးအကဲ မစ္စတာ ဝမ်ဟုန်ကျင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ စူးကျိုးမြို့တွင်ကျင်းပသောစွမ်းအင်အသွင်ကူးပြောင်းမှုအပြည်ပြည်ဆိုင်ရာဖိုရမ်-၂၀၂၅ တက်ရောက်ရန်ရောက်ရှိနေစဥ် တရုတ်နိုင်ငံ၌ လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများကို ကြည့်ရှာလေ့လာခဲ့သည်။
ဝန်ကြီးဦးဥာဏ်ထွန်းသည် အောက်တိုဘာ ၂၂ ရက်က နန်ကျင်းမြို့ China Huaneng Group ၏ ကျန်းစုပြည်နယ်အတွင်း ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားစနစ်တည်ငြိမ်စေရေး၊ ဓာတ်အားစနစ်ထိန်းချုပ်စင်တာသို့ သွားရောက်၍ ကမ်းလွန်လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု၊ နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှုများအား ဓာတ်အားစနစ်တည်ငြိမ်မှုကို ထိခိုက်မှုမရှိစေရေးပေါင်းစပ် ထိန်းချုပ်ဆောင်ရွက်မှု၊ စက်ရုံများထိန်းသိမ်းလည်ပတ်မောင်းနှင်မှုကို ဓာတ်အားစနစ်ထိန်းချုပ်စင်တာမှ ထိန်းချုပ်ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့ပြင် Jingyu Deep-green Energy Co.,Ltd. မှ ဆောင်ရွက်လျက်ရှိသည့် ဇီဝလောင်စာတောင့်စက်ရုံတွင် ကိုင်းဖျားကိုင်းနား၊ ဝါး၊ ဆီအုန်းခွံ၊ ပြောင်းဖူးရိုး၊ အုန်းခွံတို့ဖြင် စွန့်ပစ်ဇီဝပစ္စည်းများကို စက်မှုလုပ်ငန်းများတွင်ပြန်လည်အသုံးပြုနိုင်သော ဇီဝကာဗွန်များ၊ သစ်သားလောင်စာတောင့်များထုတ်လုပ်မှုအဆင့်ဆင့်၊ ကုန်ကြမ်းစုဆောင်းရရှိမှုများ၊ နိုင်ငံတော်မှအားပေးထောက်ခံမှုများ၊ ဈေးကွက်ရှာဖွေရရှိမှုများ၊ သယ်ယူပို့ဆောင်ရေးတို့ကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့အတူ ဖိုရမ်ကျင်းပရေးအဖွဲ့၏စီစဉ်ပေးမှုဖြင့် အောက်တိုဘာ ၂၃ ရက်တွင် စူးကျိုးမြို့ Xiangcheng EDZ Energy Center သို့သွားရောက်၍ Energy Center တွင် လျှပ်စစ်စွမ်းအင်စီမံခန့်ခွဲမှုများ၊ အဆောက်အအုံများတွင် Dual Thermal Storage နှင့် Multi-energy Complem- entarity ဆောင်ရွက်ထားရှိမှုများ၊ AI-Enabled Smart Energy Technology ၊ Energy Saving and Carbon Reduction၊ AI base Control System တို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှချမှတ်ထားသောမူဝါဒများအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။