မဂ်လာပါနော် ကန်းစွန်းရွက်ကကျမ်းမာရေးလည်းညီညွတ်တယ် ဗီတာမင်ဓါတ်ပြည့်ဝတယ်အစာကြေလွယ်တယ်ဝမ်လည်းပျော့တဲ့အတွက် အမ်းသူတို့မြန်မာပြည်သူပြည်သားတွေအရမ်းကြိုက်ကြတဲ့အရံဟင်းတစ်ခုပါတစ်ခါတစ်လေဆိုသူ့တစ်ခုတည်းနဲ့တောင်မြိန်ပါတယ်
စိမ်းစိမ်းလေးဖြစ်အောင်ဘယ်လိုကြော်ပြီး ဘယ်လိုစားရမယ်ဆိုတာကိုလဲမျှဝေထားပါတယ်နော် အမှားပါရင်လည်း ခွင့်လွှတ်ပေးကြပါ

အမ်းသူတို့ကြော်နေကျပုံစံမဟုတ်ပဲ ထိုင်းပုံစံလေးနဲ့ကြော်ကြပါမယ်
တစ်ချို့လည်းကြော်တတ်ပြီးသားဖြစ်မှာပါ မသိသေးသူများအတွက်ရေး‌
ပေးလိုက်ပါတယ်
အနံ့အရသာနဲ့ပြည့်စုံတဲ့ထိုင်းကန်းစွန်းရွက်ကြော်လေးကြော်ရအောင်

လိုအပ်တာတွေက....
ကန်းစွန်းရွက်
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
စို့ပုန်လို့ရည်
သကြားအနဲငယ်
ဟင်းခပ်မူန့်အနဲငယ်(စားရင်)
ပဲငံပြာရည်အကြည်အနဲငယ်
ပဲပိစပ်အနှစ်ရည်အနဲငယ်တို့ပဲဖြစ်ပါတယ်

ကန်းစွန်းရွက်ကိုရေစင်စင်ဆေး အရိုးဘက်ကိုတော့ ဓါးပြားအနဲငယ်ရိုက်ပြီး လက်နှစ်ဆစ်ကျော်ကျော်လေးတွေလှီးပါ ငရုတ်သီးစိမ်းအနီအနဲငယ်နဲ့ကြက်သွန်ဖြူကိုထောင်းပြီးကန်းစွန်းရွက်ပေါ်တင်ပါထို့အတူ ပဲပိစပ်စေ့အနှစ် သကြား ဟင်းခပ်မူန့် ပဲငံပြာရည်အကြည် စို့ပုန်လို့အရည်
တို့ကိုတစ်ခါထဲထည့်ပါ
ဒယ်အိုးကို ပူနေအောင်လုပ် ဆီသင့်ရုံထည့်ပူနေအောင်တည်ပါ တန်
ဆာပလာအ‌ပေါ်ဘက်ကိုအောက်ဘက်ကျအောင်ထည့်ပြီးတစ်ချက်နှစ်
ချက်မီးပြင်းပြင်းနဲ့မွှေပါ မီးပိတ်အကြာကြီးမကြော်ရပါ ရပါပြီနော်

စားကြွင်းလေးရေးပါ့မယ်😊
အမ်းသူကိုမေးကြပါတယ် ကန်းစွန်းရွက်ကိုစိမ်းနေအောင်ဘယ်လို‌ကြော်တာလဲ တစ်ချို့က ကိုယ်တွေကြော်ရင်တော့ မဲမဲသွားတယ် စသဖြင့်ပေါ့ အမ်းသူ‌ကြော်လည်းမဲပါတယ်နော် အကြာကြီးကြော်ပြီးအကြာကြီးထားရင်ပေါ့ အမ်းသူကကန်းစွန်းရွက်ကို ကြော်ဖို့အဆင်သင့်ပြင်ထားပြီးထမင်းဝိုင်းတစ်ခါထဲပြင်ပါတယ် အဲ..ဖုန်းကိုလည်း အဆင်သင့်ကင်မရာဖွင့်ထားလိုက်ပါတယ်😁 အဆင်သင့်ဖြစ်ရင် ကန်းစွန်းရွက်‌ကိုကြော် တစ်ခါထဲခူး ဖျတ်ခနဲဆိုပုံရိုက်ပြီး ထမင်းဝိုင်းမှာဝင်ထိုင်လိုက်ပါတော့တယ်ရှင်😁😁

image