၂၀၂၅ ခုနှစ်ရဲ့ ဟာသအမြောက်ဆုံးတောရိုင်းတိရစ္ဆာန်ဓာတ်ပုံပြိုင်ပွဲအတွက် ဗိုလ်လုပွဲတက်ရောက်သူတွေရဲ့ဓာတ်ပုံများ
Nikon Comedy Wildlife Awards က ဗိုလ်လုပွဲတက်ရောက်ခွင့်ရသူတွေကို ကြေညာထားပြီး ဟာသအမြောက်ဆုံးတောရိုင်းတိရစ္ဆာန်တွေရဲ့ဓာတ်ပုံတချို့ကိုလည်း ဆွဲထုတ်ပြထားပါတယ်။ ဗိုလ်လုပွဲတက်ရောက်ခွဲရသူတွေကို အောက်တိုဘာ ၂၂ ရက်နေ့က ကြေညာခဲ့တာပါ။
ဓာတ်ပုံဆရာတွေဖြစ်တဲ့ Paul Joynson-Hicks နဲ့ Tom Sullam တို့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံတွေအကုန်လုံးက အစစ်အမှန်တွေဖြစ်ပြီး အရည်အချင်းရှိတဲ့ ဓာတ်ပုံဆရာတွေက ရိုက်ကူးခဲ့တာပါ။ ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲဖြစ်ပြီး AI နဲ့ အခြားဒီဂျစ်တယ်နည်းပညာအသုံးပြုတာကို တားမြစ်ထားပါတယ်။
အခုနှစ်မှာ ဓာတ်ပုံဆရာတွေ၊ ဗီဒီယိုသမားတွေ၊ လူမှုကွန်ယက်ပရောဖက်ရှင်နယ်တွေပါဝင်တဲ့ ဒိုင် (၁၆) ဦးက ၁၀၈ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သူ ၁၀၀၀၀ နီးပါးကို အကဲဖြတ်ခဲ့တာပါ။ 2025 Nikon Comedy Wildlife Awardsရဲ့ဆုရှင်တွေကို လန်ဒန်မြို့က Oxo Gallery မှာ ဒီဇင်ဘာ ၉ ရက်နေ့ကျ ထုတ်ပြသွားမှာဖြစ်ပါတယ်။ ဆုရဓာတ်ပုံတွေကိုလည်း ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။ 2025 Nikon Comedy Wildlife Awards အတွက် ဗိုလ်လုပွဲတက်ရောက်ခွင့်ရတဲ့သူအားလုံးရဲ့ဓာတ်ပုံတွေကို ကြည့်ရှုချင်ရင် ဒီ Website https://www.comedywildlifephot....o.com/.../2025_final မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။


+4

