14 ပတ် - ဘာသာပြန်ပါ။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံထရွိုင်ကာ အစည်းအဝေးကို ယနေ့ကျင်းပမည်

မလေးရှားနိုင်ငံတွင် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပြုလုပ်ရန်စီစဉ်ထားမှုနှင့်အတူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံထရွိုင်ကာ (ASEAN Troika) အစည်အဝေးကို အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝင်္နကြီး ဒါတွတ်ဆာရီ မိုဟာမက်ဟက်ဆန်က ပြောကြားခဲ့သည်ဟု Bernama သတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင် အဆိုပါအာဆီယံထရွိုင်ကာအစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ကာလကြာရှည်ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခကို ငြိမ်းချမ်းစွာနှင့် ပေါင်းစုံပါဝင်ပြီး ရေရှည်တည်တံ့သည့် အဖြေတစ်ခု ရရှိရေးအတွက် အာဆီယံ၏ အားထုတ်ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

ASEAN Troika အစည်းအဝေးကို ၂၀၂၃ ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အာဆီယံဥက္ကဋ္ဌ၊ လက်ရှိ အာဆီယံ ဥက္ကဋ္ဌနှင့် နောက်တက်လာမည့် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူရသည့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် သုံးပွင့်ဆိုင်အစည်းအဝေးတစ်ခုဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ အာဆီယံမိတ်ဖက်တွေကို ပြောပြသွားမှာပါ” ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။

လက်ရှိအာဆီယံ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသည် ယခုနှစ်ဖေဖော်ဝါရီနှင့် မေလများတွင် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခဲ့သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။

image
image
image