8 w - Translate

ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်
မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို
ပိုသဘောကျတယ်

စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်
ရော့..နင့်အတွက်ဆိုပြီး တကယ်ကျွေးတဲ့သူကို
ပိုသဘောကျတယ်

လူရှေ့သူရှေ့ တအားတွေ ခင်ပြနေပြီး
ကွယ်ရာ အတင်းတုတ်တဲ့သူထက်
ခပ်တည်တည် ခပ်မှန်မှန်လေး
နေတတ်တဲ့သူကို ပိုသဘောကျတယ်

တကယ်တော့
ရင်ထဲကမပါတဲ့ ဆက်ဆံရေးတချိုဟာ
ရေရှည် မတည်မြဲပါဘူး
ဟန်ဆောင် မျက်နှာဖုံးဆိုတာ
ကြာကြာတပ်ထားလိုမှ မရတာ

အချိန်တန်တော့
လူတစ်ယောက်ရဲ့ ဗီဇ အကျင့်စရိုက်ဆိုတာ ပေါ်လာစမြဲပါ။

image