မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး

မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်ဦးအောင်လင်းဒွေးနှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ ဗင်နီကော့ဗာတို့ အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒု- ဝန်ကြီးဒေါ်နုမြဇံနှင့် ဒု-ဝန်ကြီးဦးအေးထွန်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန် ကြီးဒေါက်တာတင်ထွဋ်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမင်းမင်း၊ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနေမျိုးလှိုင်၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဖြိုးဇော်စိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်အဖွဲ့များသည်လည်း နိုဗိုစီဗစ်ဒေသဆိုင် ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် အောက်တိုဘာ ၂၂ ရက်မွန်းလွဲပိုင်းက တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအပါအဝင် ကဏ္ဍစုံပိုမိုဖွံ့ဖြိုးတိုးတက်အောင်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသကြား လေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

image
image
image