ကမ္ဘာကြီးဟာ လည်ပတ်နေသလို အရာအားလုံးကလည်းပြောင်းလဲနေကျပါပဲ ။ ဆောင်းမှာ အရမ်းအေးတဲ့အခါ မပူရတော့ဘူးလို့ ထင်ခဲ့ပေမယ့် နွေဟာ ရောက်လာတာပါပဲ ။
နွေဟာ ပူပြင်းလွန်းလို့ မအေးချမ်းနိုင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် မိုးဟာ ရောက်မလာတော့ဘူးလို့ ထင်ခဲ့မယ့် မိုးဟာ အေးချမ်းမှုတွေနဲ့အတူ ရောက်လာတာပါပဲ ။
ငယ်ငယ်က ကြိုက်တဲ့ အစားအစာတွေ တစ်သက်လုံး ကြိုက်မယ်လို့ ထင်ခဲ့ပေမယ့် ကြီးလာတဲ့အခါလည်း သိပ်မကြိုက်ဖြစ်တော့တာတွေ ရှိလာသလို တစ်ချိန်က လုံးဝမစားဘူးလို့ သတ်မှတ်ထားတဲ့ အစားအစာတွေကိုလည်း အခုစားနေတတ်ခဲ့တာပဲ ။
တစ်ခါတလေ မသိမသာနဲ့ ကိုယ် မဖြစ်ချင်တဲ့ လူတစ်ယောက်ပုံစံ ဖြစ်လာတယ် ။ တစ်ခါတလေ မသိမသာနဲ့ ကိုယ်မကြိုက်ခဲ့တဲ့ အရောင်တွေ ကြိုက်လာတယ် ။ လူတချို့က ကိုယ့်အပေါ် ခံစားချက်ပြောင်းလဲသွားတယ် ။ ကိုယ်ကလည်း လူတချို့အပေါ် ခံစားချက်ပြောင်းသွားတာတွေ ရှိခဲ့ဖူးတယ် ။ အိပ်မက်တွေဟာလည်း အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲရတယ် ။ လူတွေဟာလည်း အချိန်အခါပေါ် လိုက်ပြီး ပြောင်းလဲတတ်ကြတယ် ။ ဘယ်သူ့အမှားမှ မဟုတ်ဘူး ‌။ ကမ္ဘာဟာ လည်နေတာကြောင့်ပဲ ။ အားလုံးဟာ ခဏပါပဲ ။
#နေဗလ်

image