8 w - Translate

ရုရှားနိုင်ငံ မော်စကိုက စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Sergey Nochovnyy ဟာ တစ်နှစ်ကို ဒေါ်လာနှစ်သန်းနီးပါး ဝင်ငွေရရှိနေသူပါ ဒါပေမဲ့ lockdown ကာလအတွင်းမှာတော့ သူဟာ စိတ်မငြိမ်မသက်ဖြစ်ပြီး လက်တွေ့ဘဝနဲ့ အဆက်အသွယ်ပြတ်နေသလို ခံစားခဲ့ရပါတယ်
သက်တောင့်သက်သာနဲ့ အောင်မြင်မှုတွေရနေတဲ့ နေ့ရက်တွေဟာ သူ့အတွက် အနှစ်သာရမဲ့နေတယ်လို့ ခံစားရတာကြောင့် မထင်မှတ်ထားတဲ့ အရာတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အဲ့တာကတော့ သူဟာ တစ်နေ့ကို 13 ဒေါ်လာ သာရတဲ့ အစားအသောက်တွေလိုက်ပို့ရတဲ့ delivery သမားတစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်
Sergey ဟာ တောက်ပတဲ့ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ပြီး အစားအသောက်ပို့ဆောင်တဲ့ အိတ်ကို လွယ်ကာ မော်စကိုမြို့ရဲ့ လမ်းတွေပေါ် လျှောက်သွားရင်း သူ့ရဲ့အစစ်အမှန်ဘဝကို လုံးဝမသိကြတဲ့ လူစိမ်းတွေဆီ အစားအသောက်တွေ လိုက်ပို့ပေးခဲ့ပါတယ်
သူ့အတွက် ဒီအလုပ်ဟာ ငွေကြေး အတွက် မဟုတ်ပါဘူး ရည်ရွယ်ချက်ကတော့ ကိုယ့်လက်နဲ့ကိုယ် လုပ်ကိုင်ရတဲ့ ခံစားချက်နဲ့ တစ်စုံတစ်ယောက်ဆီက ရိုးရှင်းတဲ့ ကျေးဇူးတင်စကားကို ကြားရဖို့အတွက် ဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image