တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကျင်းပမည်

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၁) ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါ ရီ (၂၂)ရက်အထိ (၃၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို (၇၈)ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် ကျင်းပသွားမည်ဖြစ် သည်။

စာမေးပွဲ ဖွင့်ပွဲအခမ်းအနားသည် ဒီဇင်ဘာ (၂၁) ရက်၊ မနက် (၈)နာရီခွဲတွင် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်မှာကျင်းပမည်ဖြစ်ကာ စာပြန်ပွဲကို မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးနှင့် ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင် (၃၃) ရက်တိုင်တိုင် ကျင်းပမည် ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားနှင့် စာပြန်ပွဲကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး (၂)ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယ ဆရာတော်ကြီး (၉)ပါး၊ ပုစ္ဆက ဆ ရာတော် (၄)ပါး၊ ကြီးကြပ်ရေး ဆရာတော် (၄)ပါး၊ စာထော က်စာမ ဆရာတော် အပါး (၁၇၀)၊ အာဂုံပြန် စာရင်းသွင်း သံဃာ (၂၆၁) ပါး၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ (၂၆၄) ပါး စုစုပေါင်း (၇၁၂) ပါး ကြွရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

image